ကျောင်းသား/သူတွေအတွက် သိုးမွေးဦးထုပ်ထိုးပေးခဲ့တဲ့ ကျောင်းကားမောင်းသူ

winter.jpg

တီနာ ဟူချာဆန်ဆိုသူအမျိုးသမီးကြီးက ကျောင်းကားမောင်းသူဖြစ်ပြီး သူ့ကားကို စီးတဲ့ ကျောင်းသား/သူတွေကို ဆောင်းရာသီကာလတွေမှာ နွေးထွေးမှုရဖို့အတွက် သိုးမွေးဦးထုပ်တွေ ပေးခဲ့ပါတယ်။

သူဟာ အခုလအစောပိုင်းမှာ ချည်ထိုးစက်အသစ်ရပြီးနောက် ကလေးတွေကို အအေးဒဏ်ခံနိုင်စေဖို့အတွက် ဦးထုပ်တွေလုပ်ပေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။ သူက စက်နဲ့ထိုးတာဖြစ်တဲ့အတွက် သိုးမွေးဦးထုပ်တစ်လုံးထိုးဖို့အတွက် မိနစ် ၃၀-၄၅ မိနစ်လောက် အချိန်ယူရပါတယ်။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ တီနာဟာ အသက် ၁၂ နှစ်ကတည်းက သူ့ဘဝအချိန်တော်တော်များများကို ချည်ထိုးရင်း အချိန်ကုန်ဆုံးခဲ့တာပါ။ မကြာသေးခင်ကမှ သူ့ရဲ့မွေးနေ့အတွက် သမီးဖြစ်သူက ချည်ထိုးစက်အသစ်တစ်လုံးလက်ဆောင်ပေးခဲ့တာပါ။ အခုအချိန်အထိ မူလတန်းကျောင်းသား/သူတွေအတွက် ဦးထုပ် ၂၅ လုံးထိုးပေးပြီးသွားပါပြီ။ သူ့ရဲ့လက်ဆောင်အတွက် ကလေးတွေက အရမ်းပျော်ကြပြီး ကျေးဇူးတင်စကားဆိုထားတဲ့ ကဒ်လေးတွေကိုတောင် သူ့ကို ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တီနာက ကျေးဇူးတော်နေ့ရက်သတ္တပတ်ကျရင် မူလတန်းကျောင်းသူ/သားတွေအတွက်လည်း ဦးထုပ်ထိုးပေးဖို့ စီစဉ်ထားပါတယ်။ သူက ကလေးတွေကို သူတို့ကြိုက်တဲ့အရောင်တွေ ရွေးချယ်ခွင့်ပေးထားပါတယ်။

တီနာက ၂၀၂၃ ခုနှစ်ကစပြီး Putnam City Schools အတွက် ကျောင်းသူ/သားတွေကို လိုက်လံပို့ဆောင်ပေးခဲ့တာပါ။ သူက သူ့အလုပ်ကို ချစ်မြတ်နိုးပြီး အခုဆို သူ မောင်းပို့ပေးရတဲ့ ကျောင်းသူ/သား ၁၀၀ ကျော် (မူလတန်းကနေအထက်တန်းအထိ) ရှိနေပါပြီ။

Ref: School bus driver knits hats for students to stay warm during winter months

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top