၆ နှစ်အရွယ် ကျောင်းသားလေးက ဆရာမကို သေနတ်နဲ့ပစ်

23-1-2023-yyl-207.jpg

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ၆ နှစ်အရွယ် ကျောင်းသားလေးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆရာမတစ်ယောက် ဆေးရုံ ရောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ဆရာမ ဇွာနာဟာ အခုလအစောပိုင်းက စာသင်ခန်းထဲမှာ ရင်ဘတ်ကို သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေက ကျောင်းသားလေးမှာ သေနတ် ပါလာတယ်လို့ ကျောင်းအာဏာပိုင်အဖွဲ့ကို ၃ ကြိမ်တိုင်တိုင် သတိပေးခဲ့ပေမဲ့ တစ်စုံတရာ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးလို့ ဆရာမ ဆွာနာရဲ့ ရှေ့နေက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခဲ့တဲ့ ကျောင်းသားလေးဟာ မသန်စွမ်းဖြစ်ပြီး မိဘတစ်ဦးဦးပါမှ ကျောင်းတက်လေ့ရှိသူပါ။ အခင်းဖြစ်တဲ့နေ့မှာတော့ သူက မိဘတွေမပါဘဲ ကျောင်းကို တစ်ယောက်တည်း လာတက်ခဲ့တာဖြစ်ပြီး သူ့အမေဝယ်ထားတဲ့ သေနတ်ကို ယူလာခဲ့တာဖြစ်ပါတယ်။

အခုလို ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ပညာရေးမှူးကို ရာထူးက ထုတ်ပယ်ဖို့ ကျောင်းဘုတ်အဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒုတိယကျောင်းအုပ်ကြီးကလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဆရာမ ဆွာနာက ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရဲက စွဲချက်တင်ခြင်းမရှိပါဘူး။ ဆရာမဆွာနာရဲ့ ရှေ့နေကတော့ စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

Ref: Virginia school had three warnings about 6-year-old with gun, says lawyer

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top