အမေရိကန်သိပ္ပံပညာရှင်တွေဟာ ဆန်စေ့ တစ်စေ့ထက် သေးငယ်ပြီး ဘက်ထရစ် မလိုတဲ့ ကြိုးမဲ့ နှလုံးစက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ကာလတိုအသုံးပြုဖို့ ရည်ရွယ် ဖန်တီးထားတဲ့ အဲဒီနှလုံးစက်ဟာ ခန္ဓာကိုယ်အရည်တွေနဲ့ လည်ပတ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်အတွင်းမှာ သဘာဝအတိုင်း ပျော်ဝင်သွားနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
ရင်ဘတ်မှာ တပ်ဆင်ထားနိုင်တဲ့ ကပ်ခွာရဲ့ အလင်းလှိုင်းအချက်ပြမှုကနေ နှလုံးစက်ကို ထိန်းချုပ်ထားနိုင်တာကြောင့် နှလုံးခွဲစိတ်မှုလုပ်ထားတဲ့ လူနာတွေအတွက် အလွန်သင့်တော်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။
တိရစ္ဆာန်တွေမှာ စမ်းသပ်မှုအောင်မြင်ခဲ့ပြီး သိပ်မကြာခင်ကာလအတွင်း လူတွေမှာ စမ်းသပ်မှုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီဖန်တီးမှုဟာ နှလုံးစောင့်ရှောက်မှုကဏ္ဍကို ပြောင်းလဲပစ်နိုင်မယ့် ဖန်တီးမှုတစ်ခုဖြစ်ပြီး အထူးသဖြင့် မွေးကင်းစ ကလေးငယ်တွေနဲ့ ခွဲစိတ်မှုလုပ်ထားသူတွေအတွက် အလွန်အသုံးဝင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
Ref: Scientists in the U.S. have created pacemaker that’s smaller than a grain of rice.
NZ ( ရိုးရာလေး)