ငါးမန်းကြီးနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်ဆိုတဲ့ ရေငုပ်သမား

20.12.23-yyl-5.jpg

ဖလော်ရီဒါပြည်နယ်က စကူဘာရေငုပ်သမားဟာ အရှည် ၁၅ ပေ ရှိတဲ့ ငါးမန်းကြီးနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တာ ၂၃ နှစ်နီးပါး ကြာပြီလို့ ဆိုပါတယ်။ ဂျင်အဘာနသီဟာ ၂၀၀၁ ခုနှစ်တုန်းက ဘဟားမားကျွန်းမှာရှိတဲ့ တိုက်ဂါးကမ်းခြေမှာ ရေငုပ်နေရင်း ကျားငါးမန်း အမ်မာ(Emma)နဲ့ ဆုံတွေ့ခဲ့တာပါ။

အဲဒီတုန်းက ဂျင်အဘာနသီဟာ အမ်မာရဲ့ ပါးစပ်မှာ စိုက်ဝင်နေတဲ့ ငါးမျှားချိတ်ကို သတိထားမိခဲ့ပြီး ငါးမျှားချိတ်ကို ဖြုတ်ပေးခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဂျင်အဘာနသီနဲ့ အမ်မာတို့ကြား သံယောဇဉ်ဖြစ်ခဲ့ကြပြီး တိုက်ဂါးကမ်းခြေကို ဂျင်အဘာနသီ ရေလာငုပ်တိုင်း အမ်မာက သူ့အနား ရောက်ရောက်လာတတ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အမ်မာရဲ့ ပါးစပ်မှာ စိုက်ဝင်နေတဲ့ ငါးမျှားချိတ် ၄ ချောင်းကို ဂျင်အဘာနသီက ဖြုတ်ပေးခဲ့ဖူးပါတယ်။

ဂျင်အဘာနသီက ရေငုပ်ဝတ်စုံ ဘယ်လိုပြောင်းပြောင်း၊ သူ့ရဲ့ လက်ဟန်အမူအရာကို အမ်မာက မှတ်မိနေခဲ့တာပါ။ အမ်မာက သူ့ကိုတွေ့တိုင်း ခေါင်းလှုပ်ပြပြီး သူ့ခေါင်းကို ပွတ်သပ်ပေးစေလိုတဲ့ အမူအရာမျိုး ပြတတ်တယ်လို့ ဂျင်အဘာနသီက ဆိုပါတယ်။

Ref:Scubadiver Has Been Friends with a 15-Foot-Long Tiger Shark for Over Two Decades

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top