မာလာလာရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့တဲ့ တာလီဘန်လက်နက်ကိုင် ပါကစ္စတန်အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်

yyl-032-8.jpg

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်မာလာလာရဲ့ ခေါင်းကို သေနတ်နဲ့ပစ်ခဲ့တဲ့ တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင်တစ်ယောက် ပါကစ္စတန်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက အတည်ပြုပါတယ်။ ပါကစ္စတန်နိုင်ငံအခြေစိုက် တာလီဘန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဟောင်း အာဆန်ဟာ ၂၀၁၇ ခုနှစ်မှာ ပါကစ္စတန်စစ်တပ်နဲ့ သဘောတူညီမှုယူပြီး အဖမ်းခံခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်က သဘောတူညီမှုကို အလေးမထားလို့ ထွက်ပြေးခဲ့တာလို့ အာဆန်က ပြောပါတယ်။ ထောင်ကနေ ထွက်ပြေးလွတ်မြောက်လာတာကို အာဆန်က တွစ်တာပေါ်မှာ ဖော်ပြပြီး ရက်ပိုင်းအကြာမှာ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး အဂျာရှားက အဲဒီသတင်းကို အတည်ပြုခဲ့တာပါ။ အာဆန်ကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး သတင်းကောင်းကြားရမယ်လို့ အဂျာရှားက ပြောပါတယ်။ ဒါပေမဲ့ အာဆန်ဟာ မိသားစုတွေနဲ့အတူ တူရကီနိုင်ငံကို ရောက်ရှိနေပြီလို့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်ကို ဖုန်းဆက်ပြောခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top