အမေရိကန် သံတမန် ၆၀ ကို နှင်ထုတ်ပြီး ကောင်စစ် ဝန်ရုံးပိတ်လိုက်တဲ့ ရုရှား

russian-consulate-seattle-rtr-jc-180329_hpMain_4x3_992.jpg

အမေရိကန်ရဲ့ လုပ်ဆောင်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက အမေရိကန် သံတမန် ၆၀ ကို နှင်ထုတ်တဲ့အပြင် စိန့်ပီတာစဘတ်မို့က အမေရိကန် ကောင်စစ်ဝန်ရုံး ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့တဲ့ အခြားနိုင်ငံတွေကိုလည်း အလားတူတုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ရုရှားစပိုင်ဟောင်းနဲ့ သူ့သမီးကို အာရုံကြောထိခိုက်စေတဲ့ ဓာတုဆေးရည်နဲ့တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီးအငြင်းပွားမှုတွေရှိနေချိန်မှာပဲ အမေရိကန် သံတမန်တွေကို ရုရှားက တုံ့ပြန်နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်ချက်ဟာ အမေရိကန်နဲ့ ရုရှားဆက်ဆံရေးကို ပိုမိုဆိုးလာစေဖွယ်ရှိနေပါတယ်။

မတ်လ ၄ ရက်နေ့က ရုရှားစပိုင်ဟောင်း ဆခရီပယ်တို့ သားအဖ ဗြိတိန်နိုင်ငံ ဆာလစ်ဘူရီ မြို့မှာ ထိုင်ခုံမှာ သတိလစ်လဲကျနေခဲ့ပြီး အဲဒီ တိုက်ခိုက်မှုက ရုရှားရဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန် က စွပ်စွဲခဲ့ပါတယ်။ ရုရှားကတော့ ဒီတိုက်ခိုက်မှုမှာ မပါဝင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ ဗြိတိန်နဲ့ စုစည်းညီညွတ်တာကို ပြသနိုင်ဖို့ နိုင်ငံပေါင်း ၂၀ ကျော်က ရုရှားသံတမန်တွေကို နှင်ထုတ်မှု လုပ်ခဲ့ရာ အမေရိကန်က အခုသီတင်းပတ် အစောပိုင်းမှာ အမေရိကန် သံတမန် ၆၀ နှင်ထုတ်ခဲ့သလို ဆီယက်တဲလ်မြို့က ရုရှား ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းခဲ့ပါတယ်။ ရုရှားဟာ မော်စကိုမြို့အခြေစိုက် အမေရိကန်သံရုံးမှ အမေရိကန်သံတမန် ၅၈ ဦးနဲ့ ရီကက်တာရင်ဘတ် မြို့မှ အမေရိကန် သံတမန်နှစ်ဦးကို နှစ်ထုတ်တာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။

အမေရိကန် နှင်ထုတ်ခဲ့တဲ့အတိုင်း ပြန်နှင်ထုတ်သွားမယ်လို့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်ဟန့်မန်ကို အကြောင်းကြားပြီးသားလို့ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်းလက်ရောဗ့်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်ဟာ ရုရှား ဆန့်ကျင်ရေး ဦးတည်ချက်ကို လိုက်နာဖို့ လူတိုင်းကိုဖိအားပေးမှုတွေရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲထားပါတယ်။

Zaw Min Oo (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top