10-2-2022-yyl29.jpg

ရုရှားက ယူကရိန်းကို အချိန်မရွေး ကျူးကျော်နိုင်လို့ အမေရိကန်နိုင်ငံသားတွေ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ သတိပေး

ရုရှားက ယူကရိန်းနိုင်ငံကို အချိန်မရွေး ကျူးကျော်နိုင်တဲ့ စစ်သည်အင်အား ဖြန့်ကျက်ထားလို့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာကြဖို့ အမေရိကန်နိုင်ငံက သတိပေးထားပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ကျူးကျော်မှုစတင်လာရင် ယူကရိန်းကနေ ထွက်ခွာဖို့ ခက်ခဲမယ်၊ အရပ်သားတွေ…

28-2-2022-yyl14.jpg

ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှား ကျူးကျော်နိုင်ခြေများတယ်လို့ အမေရိကန်သမ္မတ ပြော

ရှေ့လထဲမှာ ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေများတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေမှာ သူတို့ရဲ့ အဓိကတောင်းဆိုချက်တွေကို အမေရိကန်က ပယ်ချလိုက်ပြီးနောက်မှာတော့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အကောင်းမြင်စရာတစ်ကွက်မှမရှိဘူးလို့ ရုရှားက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း…

14-2-2022-yyl1.jpg

ဘယ်အခြေအနေအတွက်မဆို အသင့်ပြင်ထားတယ်လို့ ရုရှားကို ဗီတာလီကလစ်ရှ်ကို သတိပေး

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည်တွေ တပ်စွဲထားတာနဲ့ပတ်သက်ပြီး ” ဘယ်အခြေအနေမျိုးအတွက်မဆို အသင့်ပြင်ထားတယ်” လို့ ဟဲဗီးဝိတ်လက်ဝှေ့သမားဟောင်း ဗီတာလီကလစ်ရှ်ကိုက ရုရှားနိုင်ငံကို သတိပေးခဲ့ပါတယ်။ ရုရှား – ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၁၀၀,၀၀၀ စေလွှတ်ထားလို့ ပြီးခဲ့တဲ့လပိုင်းအတွင်း တင်းမာမှုတွေ ရှိနေပါတယ်။…

9.12.2021yyl8.jpg

အမေရိကန်ရဲ့ဒီမိုကရေစီ ထိပ်သီးစည်းဝေးပွဲကို တရုတ်နဲ့ ရုရှား အပုတ်ချ

ဒီတစ်ပတ်ထဲမှာ ဂျိုးဘိုင်ဒင်အစိုးရ ကျင်းပမယ့် ဒီမိုကရေစီ ထိပ်သီးစည်းဝေးပွဲ ဂုဏ်သတင်း မှေးမှိန်အောင် တရုတ်နဲ့ ရုရှားနိုင်ငံပိုင်မီဒီယာတွေက ရေးသားဖော်ပြလျက်ရှိပါတယ်။ တရုတ်နိုင်ငံပိုင် သတင်းစာရဲ့ ကလောင်ရှင်ဖြစ်တဲ့ ရုရှားနိုင်ငံရေးသုတေသီတစ်ယောက်ကတော့ အဲဒီစည်းဝေးပွဲဟာ ပြည့်တန်ဆာခေါင်းရဲ့မယားငယ်က ကျောင်းသူတွေကို စာရိတ္တသင်ခန်းစာ ပို့ချနေသလိုပဲလို့ ရေးသားခဲ့ပါတယ်။…

25-11-2020-yyl-020.jpg

ဆောင့်တိုက်ပစ်မယ်လို့ ခြိမ်းခြောက်တော့မှ သူတို့ရေပိုင်နက်ထဲကနေ အမေရိကန်ဖျက်သင်္ဘော ထွက်သွားတယ်လို့ ရုရှား ထုတ်ပြန်

ဂျပန်ပင်လယ်ထဲမှာ သူတို့ရဲ့ရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစ်စင်းကို ရုရှားစစ်သင်္ဘောတစ်စင်းက တွေ့ရှိခဲ့ပြီး ခြောက်လှန့်မောင်းထုတ်ခဲ့တယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။ USS John S McCain ဖျက်သင်္ဘောက Peter The Great Gulf ပင်လယ်ကွေ့မှာရှိတဲ့…

intl5605.jpg

ရုရှားနိုင်ငံရဲ့ မြစ်ထဲမှာ ဒီဇယ်တန်ချိန် ၂၀၀၀၀ ယိုစိမ့်ခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာ

အာတိတ်စက်ဝိုင်းမှာရှိတဲ့ မြစ်ထဲကို ဒီဇယ်တန်ချိန် ၂၀၀၀၀ ယိုစိမ့်ခဲ့လို့ ရုရှားသမ္မတပူတင်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဆိုက်ဘေးရီးယားဒေသ၊ နိုရီဆက်မြို့နားက စွမ်းအင်စက်ရုံမှာ လောင်စာသိုလှောင်ကန် ပြိုလဲခဲ့လို့ ဒီဇယ်တွေဖိတ်စင်ပြီး ၇.၅ မိုင်ကွာဝေးတဲ့ အမ်ဘာနာယာမြစ်ထဲကို စီးဆင်းသွားခဲ့တာပါ။…

8-5-2020-yyl-010.jpg

ရုရှားဆေးရုံဝန်ထမ်းတချို့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေရ

ရုရှားနိုင်ငံရဲ့ ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပေမဲ့ ဆေးရုံဝန်ထမ်းတချို့ကတော့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံမှာ ကူးစက်မှု တဟုန်ထိုးမြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၇၇,၁၆၀ ယောက်၊ သေဆုံးသူ ၁၆၂၅ ယောက် ရှိနေပါတယ်။…

17349092-7363323-image-a-10_1565943775692.jpg

အမေရိကန်နဲ့ရုရှားတို့ နျူကလိယဗုံးများအပြန်အလှန်ကြဲချကြရင် ကမ္ဘာကြီးဘယ်လိုဖြစ် လာ မလဲ

နျူကလိယစစ်ပွဲ တကယ်လို့ အမေရိကန်နဲ့ ရုရှားတို့ဟာ တစ်ဘက်နဲ့တစ်ဘက် နျူကလိယဗုံးများ အပြန်အလှန် ကြဲချကြရင် ကမ္ဘာကြီးမှာဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်က ရာသီဥတု ဆိုင်ရာသိပ္ပံပညာရှင်များက စာတမ်းတစ်ခုရေးသားခဲ့ကြပါတယ်။ ဖြစ်လာမှာကလည်း ကျွန်တော်တို့ထင်ထားသလိုပဲ အတော်လေးကိုဆိုးရွားမယ်ဆိုတာတွေ့ရပါတယ်။ Geophysical Research: Atmospheres ဂျာနယ်မှာဖော်ပြခဲ့တဲ့…

68658856_2548743731823198_915822048394084352_n.jpg

ရုရှားနိုင်ငံက လူသားအရွယ်အစားစက်ရုပ်ကို အာကာသစခန်းသို့စေလွှတ်

လူသားအရွယ်အစားစက်ရုပ်တစ်ရုပ်တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို ရုရှားနိုင်ငံက လွှတ်တင်ခဲ့ပါတယ်။ သြဂုတ်လ (၂၂) ရက်က ကာဇက်စတန်နိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံပိုင် ဘိုင်ကိုနာဒုံးပျံလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး လာမယ့်စနေနေ့မှာ နိုင်ငံတကာအာကာသစခန်းကို ဆိုက်ရောက်မယ်လို့ဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးစနစ်ကိုစမ်းသပ်ဖို့အတွက် Fedor လို့ အမည်ပေးထားတဲ့စက်ရုပ်ကို ဆိုယုဇ်ဒုံးပျံနဲ့အတူ လွှတ်တင်ခဲ့တာပါ။…

airplane.jpg

ငှက်အုပ်နဲ့တိုးလို့ ပြောင်းခင်းထဲ ဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်

ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ မော်စကိုမြို့နားက ပြောင်းဖူးခင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အူရယ်လေကြောင်းလိုင်းရဲ့ Airbus 321 လေယာဉ်ဟာ ခရိုင်းမီးယားဒေသမှာရှိတဲ့ ဆင်ဖာရိုပိုလ်မြို့ကို ပျံသန်းဖို့ မော်စကိုမြို့လေဆိပ်ကနေ ထွက်ခွာခဲ့ပေမဲ့ မကြာခင်အချိန်အတွင်း ဇင်ယော်ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ အင်ဂျင်ရပ်သွားခဲ့ပါတယ်။…