ဇာတိမြို့မှာ အဆိုတော် ရှက်ကီရာကို သူ့ရဲ့ပုံတူဧရာမရုပ်တုကြီးနဲ့ ဂုဏ်ပြု

28.12.23-yyl-၆.jpg

ဂရမ်မီဆုရှင် ကိုလံဘီယာအဆိုတော် ရှက်ကီရာကို သူ့ရဲ့ဇာတိမြေ ဘာရန်ကွီလာမြို့မှာ နာမည်ကြီးဝမ်းဗိုက်လှုပ်ကနေတဲ့ သူ့ရဲ့ပုံတူကြေးရုပ်တုကြီးနဲ့ ဂုဏ်ပြုထားပါတယ်။ မြို့တော်ဝန် ဟိုမေပူမာရေဟိုက Magdalena မြစ်ကမ်းနားရှိ ပန်းခြံတစ်ခုမှာ ၆.၅ မီတာ (၂၁ ပေ) ရုပ်တုကို အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့တာပါ။

ပညာရှင် ယင်နို မာဂက်ဇ် ထုလုပ်ထားတဲ့ ရှက်ကီရာပုံတူရုပ်တုက သန်းပေါင်းများစွာသောမိန်းကလေးတွေကို သူတို့ရဲ့အိပ်မက်တွေကို လိုက်စားနိုင်ပြီး သူတို့လိုချင်တဲ့အရာကို အောင်မြင်နိုင်ကြောင်း ပြသနေပါတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ကမ္ပည်းပြားတစ်ခုနဲ့လည်း ရှက်ကီရာကို ချီးကျူးဂုဏ်ပြုထားပါတယ်။ ရှက်ကီရာကို ရုပ်တုနဲ့ ဂုဏ်ပြုခံရပြီးဘာရန်ကွီလာမြို့က အမြဲတမ်း သူ့ရဲ့အိမ်ဖြစ်နေမယ်လို့ မြို့တော်ဝန်ရုံးရဲ့ထုတ်ချက်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Shakira’s home city unveils giant statue of ‘Hips Don’t Lie’ singer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top