ဆီးနှင်းပုံအောက် ပိတ်မိနေတဲ့ ကလေးငယ်ကို ရဲခွေးတစ်ကောင်က ရှာဖွေကယ်တင်ပေးနိုင်ခဲ့

28.12.23-yyl-7.jpg

ဆီးနှင်းတွေအောက်မှာ ပိတ်မိနေတဲ့ ကလေးငယ်ကို ရဲခွေးတစ်ကောင်က ရှာဖွေကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက် ည ၇ နာရီအချိန်က ဖင်လန်နိုင်ငံ ကော်ပီလာတီအရပ်မှာ ကျောင်းနေအရွယ် ကလေးငယ်တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆီးနှင်းတွေ ကျဆင်းနေပြီး ကလေးငယ်ရဲ့ ခြေရာကို ဖုံးသွားတာကြောင့် ကလေးမိဘတွေက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ရဲခွေးလေး ကူဟာကို ခေါ်လာခဲ့ပြီး မြို့လယ်စင်တာနားမှာ စတင်ရှာဖွေခဲ့ကြတာပါ။ ဒါပေမဲ့ အချက်အလက်တွေအရ ကလေးငယ်ရဲ့ အိမ်အနီး ပတ်ဝန်းကျင်တစ်ဝိုက် ရွှေ့ပြောင်းရှာဖွေခဲ့ကြပြီး ရဲခွေးလေး ကူဟာကတော့ ဆီးနှင်းပုံနားမှာ ပျားပန်းခတ် လှုပ်ရှားနေခဲ့ပါတယ်။

နံနက် ၀၀း၃၀ အချိန်မှာတော့ ရဲခွေးလေး ကူဟာက ၃ ပေအနက်ရှိတဲ့ ဆီးနှင်းပုံထဲကနေ ဖိနပ်တစ်ဖက် ရှာတွေ့ခဲ့ပြီး ဆီးနှင်းပုံကို တူးဖော်ရှာဖွေချိန်မှာ ကလေးငယ်ကို တွေ့ခဲ့တာပါ။ တွေ့တွေ့ချင်းမှာ ကလေးငယ်က သတိလစ် နေပေမဲ့ ကုသမှုတွေ လုပ်ပေးချိန်မှာတော့ သတိပြန်လည်လာခဲ့ပြီး စကားပြောနိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ရဲခွေးလေး ကူဟာနဲ့ သူ့ကို နာရီပေါင်းများစွာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ရဲအရာရှိတို့ရဲ့ ကြိုးစားအားထုတ်မှုက ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ဖင်လန်ရဲခွေးဌာနက သူတို့ကို ဂုဏ်ပြုခဲ့ပါတယ်။

Ref:Missing Child Found Alive Inside A Pile Of Snow By A Police Dog In Finland

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top