မွေးစားခံရပြီး ၇ နာရီအကြာမှာ အမွေးတွေရိတ်ခံထားရတဲ့အနေအထားနဲ့ ပြန်ရောက်လာခဲ့တဲ့ ဂေဟာက ခွေးလေး

dog.jpg

တိရစ္ဆာန်ဂေဟာက ခွေးလေးတစ်ကောင်ဟာ မွေးစားခံရပြီး ၇ နာရီအကြာမှာ အမွေးတွေရိတ်ခံထားရတဲ့ အနေအထားနဲ့ ဂေဟာကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်က ဂန်ဝန်းပြည်နယ်၊ ဂန်ဂျောင်းမှာ ဖြစ်ခဲ့တာပါ။ 

ဇူလိုင် ၂၀ ရက်နေ့က ကူနို ဆိုတဲ့ ခွေးလေးရဲ့ before and after ဓာတ်ပုံတွေကို the Gangneung City Animal Love Center က မျှဝေခဲ့ပါတယ်။ ကူနို မွေးစားခံရပြီး ၇ နာရီအကြာမှာတင် ဂေဟာကို ပြန်ရောက်လာခဲ့တယ်လို့ တိရစ္ဆာန်ဂေဟာရဲ့ပြောစကားအရ သိရပါတယ်။ မွေးစားမခံရခင်က ကူနိုဟာ အဖြူရောင်အမွေးပွပွနဲ့ ချစ်စရာကောင်းတဲ့ ခွေးလေးပါ။ ဒါပေမဲ့ မွေးစားခံလိုက်ရပြီးတဲ့နောက်မှာတော့ အမွေးတွေရိတ်ခံထားရပါတယ်။ 

ကူနိုကို ဇူလိုင် ၁၉ ရက်နေ့၊ နေ့ခင်း ၁ နာရီမှာ မွေးစားဖို့ ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မွေးစားမယ့်သူက ၇ နာရီအကြာမှာ “သူ့ရဲ့အခြားအိမ်မွေးတိရစ္ဆာန်နဲ့ မတည့်ဘူး”လို့ ဆိုကာ ပြန်လာပေးခဲ့ပါတယ်။ “မွေးစားမယ့်သူက သူ့အိမ်မှာ ကူနိုကို အမွေးတွေရိတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒီအမွေးတွေပဲ ကျန်တော့တယ်။ ကူနိုလေး အခုလိုပြန်ရောက်လာခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ အခုဆို ကူနိုရဲ့ချစ်စရာကောင်းမှုကို ထပ်ပြီး ဘယ်လိုပြရမလဲ။ သူ့ရဲ့အမွေးတွေ ဖရိုဖရဲဖြစ်နေတယ်။ ကူနိုလေး စိတ်မကောင်းဖြစ်မှာကို စိုးရိမ်မိတယ်။ ကံကောင်းချင်တော့ ကူနိုက အရင်လိုပဲ တက်ကြွရွှင်လန်းပေါသေးတယ်။ အဲ့ဒါက ပိုပြီးတော့ ကြေကွဲရစေပါတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်”လို့ ဂေဟာက ဆိုထားပါတယ်။ 

လက်ရှိမှာတော့ ကူနိုက ထာဝရနေထိုင်နိုင်မယ့် အိမ်အသစ်ရှာတွေ့ဖို့ စောင့်ဆိုင်းနေပါတယ်။ 

Ref: Shelter Dog Returned just 7 hours after Adoption… with his Fur Shaved Off

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top