ညအိပ်ရာဝင်ခါနီး ရေသောက် သင့်ရဲ့လား

9-6-2020-yyl-024.jpg

ကျွန်တော်တို့တွေ ထမင်းစားရင် အချိန်မှန်မှန်စားဖို့နဲ့ ထမင်းစားနေစဉ်မှာပဲ ရေမသောက်ဖို့ အမြဲပြောတာကို ကြားဖူးကြမှာပါ။ ရေသောက်တဲ့အခါမှာလည်း ကျွန်တော်တို့တွေက ရေဆာတဲ့အခါတိုင်း ရေသောက်မိတတ်ကြပါတယ်။ ရေဆာတိုင်း ရေသောက်တာ မကောင်းဘူးလို့လည်း ပြောကြပါတယ်။ တကယ်တော့ ရေမသောက်သင့်တဲ့အချိန်ရှိပါတယ်။ အဲဒါကတော့ အိပ်ရာမဝင်ခင် ရေမသောက်တာအကောင်းဆုံးပါပဲ။ ဘာလို့ အဲဒီအချိန်မှာ ရေမသောက်ခိုင်းရတာလဲဆိုရင် အကြောင်းရင်းရှိပါတယ်။

သက်ရှိသတ္တဝါတိုင်းအတွက် ရေက အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ရေမရှိဘဲနဲ့ ဘဝကို ရှင်သန်နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူခန္ဓာကိုယ်ရဲ့ (၆၀) ရာခိုင်နှုန်း လောက်က ရေနဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရေက ဆဲလ်၊ တစ်ရှုးနဲ့ အင်္ဂါအစိတ်အပိုင်း တွေမှာ ရှိပြီး ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးဖို့၊ အရိုးအဆစ်တွေကို သန်မာဖို့၊ ခန္ဓာကိုယ်ဆဲလ်တွေကို ထောက်ပံ့ဖို့နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက် ကူညီပေးပါတယ်။ တစ်နေ့တာလုံး ရေလုံလုံလောက်လောက် မသောက်ရင် အားနည်းသလို ခံစားရကာ ခေါင်းကိုက်တာနဲ့ အခြားကျန်းမာရေး အခြေအနေတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။

အိပ်ခါနီးမှာ ရေသောက်တာက အိပ်စက်ချိန်စက်ဝိုင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဆီးရွှင်လာပြီး ညဘက် သန့်စင်ခန်းသွားရတဲ့ အကြိမ်အရေအတွက်က များလာမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ညပိုင်းမှာ အိပ်စက်ချိန်အပြည့် ကောင်းကောင်းအိပ်စက်နိုင်ဖို့ ဆီးမသွားအောင် တက်နိုင်သလောက်လျော့ချရမှာပါ။ အိပ်ခါနီး ရေ (၂) ခွက်သောက်မယ်ဆိုရင် ညဘက်တွေမှာ ကြိမ်ပေါင်းများစွာ ဆီးသွားစေနိုင်ပါတယ်။ အိပ်စက်ချိန် အနှောင့်အယှက်ဖြစ်ရင် စိတ်မကြည်တာ၊ အာရုံစိုက်နိုင်စွမ်းအားနည်းတာ၊ သွေးဖိအားများတာ၊ ခေါင်းစားတာတွေ ဖြစ်လာနိုင်ပါတယ်။ လေ့လာချက်အရဆိုရင် ညဘက်တွေမှာ အိပ်ချိန် (၆) နာရီထက်နည်းပြီး အိပ်စက်တဲ့ (၄၅) နှစ်အထက်လူတွေက ဦးနှောက်သွေးကြောပြတ်တာ ဖြစ်နိုင်ချေများတယ်လို့ ဆိုပါတယ်။

ညဘက် ရေသောက်ခြင်းရဲ့ကောင်းကျိုးများ

ညစာ စားပြီးတဲ့နောက်မှာ ရေ (၁) ခွက် (သို့) (၂) ခွက်သောက်တာက ကျန်းမာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ အတော်လေးကောင်းပါတယ်။ ရေက သဘာဝသန့်စင်ပေးတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်တဲ့အတွက် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေစနစ်အားကောင်းစေပြီး ဝမ်းချုပ်တာတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ရေသောက်သင့်တဲ့အချိန်

ရေလုံလုံလောက်လောက် သောက်တာက ကျန်းမာရေးအတွက် အမြဲတမ်းကောင်းပါတယ်။ ဒါပေမဲ့ အကျိုးဆက်ရှိတဲ့အတွက် အလွန်အကျွံတော့မသောက်ပါနဲ့။ တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာသောက်ပါ။ ညဘက် အိပ်တော့မယ့်အချိန်မှာ ရေသောက်တာကို ရှောင်ကျဉ်ပါ။ အိပ်ရာမဝင်ခင် ကောင်းကောင်းမအိပ်စက်ခင် မိနစ် (၃၀) အလိုမှာ ရေသောက် လို့တော့ရပါတယ်။ ချက်ချင်းရေသာက်ပြီး တန်းအိပ်တာမျိုးတော့မလုပ်မိပါစေနဲ့။

Ref: Should you drink water before going to bed at night?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top