Female John Wick အဖြစ် ပြောစမှတ်ပြုခံနေရတဲ့ အိုလံပစ်သေနတ်ပစ်အားကစားသမား ကြော်ငြာတွေအများကြီး လက်ခံနေရ

26.8.2024-yyl-3.jpg

အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် တောင်ကိုရီးယားသေနတ်ပစ်အားကစားသမား ကင်ယဲဂျီရဲ့ပရိသတ်တွေကတော့ မကြာခင်မှာ သူ့ကို ကြော်ငြာတွေမှာ မြင်တွေ့ရတော့မှာပါ။

ကင်ယဲဂျီဟာ ဖျော်ဖြေရေးကုမ္ပဏီ PLFIL နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ “ပိုမိုကြီးမားတဲ့ စင်မြင့်ထက်ရောက်ဖို့ ကင်ယဲဂျီကို အပြည့်အဝထောက်ပံ့ပြီး ပြည်တွင်း၊ ပြည်ပမှာ အခွင့်အလမ်းတွေရရှိဖို့ ကူညီပေးသွားမှာပါ”လို့ PLFIL က ထုတ်ပြန်ထားပါတယ်။

သူဟာ နာမည်ကြီးကုန်ပစ္စည်းတံဆိပ် Louis Vuitton အတွက် ကမ်ပိန်းမော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ရတော့မှာပါ။ အခြားကုန်ပစ္စည်းအမှတ်တံဆိပ် ၂၀ ကျော်နီးပါးဆီကလည်း ကြော်ငြာရိုက်ကူးပေးဖို့ ကမ်းလှမ်းချက်ရရှိထားပါတယ်။

တီဗီရှိုးတွေကလည်း ကင်ယဲဂျီကို မျက်စိကျနေကြပါတယ်။ အီလွန်မက်စ်ကဆိုရင် အက်ရှင်ဇာတ်ကားတွေမှာ ကင်ယဲဂျီ ပါဝင်ဖို့ အကြံပြုခဲ့ဖူးသလို တော်တော်များများက သူ့ကို Female John Wick လို့ ခေါ်ဝေါ်နေကြတာပါ။ ဒါပေမဲ့ ကုမ္ပဏီက ယဲဂျီရဲ့အားကစားသမားဘဝကို ထိပ်တန်းဦးစားပေးမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲတွေအတွက် ပြင်ဆင်နေပြီလို့ ဆိုထားပါတယ်။

ကင်ယဲဂျီက ပါရစ်ကနေ ပြန်ရောက်ပြီးတဲ့နောက်မှာ တစ်ယောက်တည်းနေထိုင်စားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ဖို့ ဝမ် ၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

Ref: South Korean Olympic Shooter Kim Yeji AKA ‘Female John Wick’ Lands Louis Vuitton Campaign

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top