ဘရာဇီးအစိုးရက လနဲ့ချီကြာမြင့်နေတဲ့ COVID-19 မှတ်တမ်းတွေကို ဖယ်ရှား

8-6-2020-yyl-012.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး သမ္မတဘော်ဆိုနာရိုရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်နေချိန်မှာ ဘရာဇီးအစိုးရက ဝက်ဘ်ဆိုက်ထဲက လနဲ့ချီတဲ့ COVID-19 မှတ်တမ်းတွေကို ဖယ်ရှားခဲ့ပါတယ်။ အခုချိန်ကစပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြစ်ပွားတဲ့ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေကိုပဲ ဖော်ပြတော့မှာဖြစ်ပြီး နိုင်ငံအများစုဖော်ပြသလို စုစုပေါင်းပမာဏကို ဖော်ပြတော့မှာမဟုတ်ဘူးလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သလို မကြာသေးခင်ကာလအတွင်း တခြားနိုင်ငံတွေထက် သေဆုံးသူအရေအတွက် ပိုများခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၆၄၀,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပေမဲ့ စမ်းသပ်စစ်ဆေးမှု လုံလုံလောက်လောက် မရှိလို့ အမှန်တကယ် ကူးစက်ခံရသူပမာဏက ပိုများဖွယ်ရှိပါတယ်။ ဘရာဇီးနိုင်ငံမှာ သေဆုံးသူ ၃၅,၀၀၀ ကျော်ရှိနေပြီး ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးသူအများဆုံး နိုင်ငံများစာရင်းမှာ အဆင့်(၃) နေရာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပိတ်ဆို့မှုစည်းမျဉ်းတွေ ချမှတ်ဖို့ အကြံပြုထားပေမဲ့ ပယ်ချခဲ့တဲ့အတွက် ဘော်ဆိုနာရိုဟာ ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဘော်ဆိုနာရိုက WHO ကို ပါတီစွဲမကင်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းလို့ စွပ်စွဲခဲ့ပြီး WHO ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top