သွားကို ကြိုးတုပ်ပြီး ဝိတ်လျှော့သူ

14-11-2022yyl31.jpg

တောင်အာဖရိကနိုင်ငံသူ မာဇိုဆီဝီက ရင်သားသေးအောင် ခွဲစိတ်မှုလုပ်ချင်နေသူပါ။ ဒီအတွက် သူ ဝိတ်ချရမယ်။ သူက အချိန်ပိုင်း အငတ်ခံတဲ့ နည်းလမ်းနဲ့ ခန္ဓာကိုယ်အလေးချိန် ၁၂ ကီလိုဂရမ်အထိ လျှော့ချနိုင်ခဲ့တယ်။ ဒါပေမဲ့ ဝိတ်ထပ်ချဖို့ လိုနေသေးလို့ သွားကို နန်းကြိုးမျှင်ငယ်တွေနဲ့ တုပ်ခဲ့တယ်။

နန်းကြိုးမျှင်ငယ်နဲ့ တုပ်လိုက်လို့ သွားတွေ ဟလို့မရတော့ဘူး။ မာဇိုဆီဝီက slimming wire တွေ တပ်ပြီး သီတင်းပတ် ၇ ပတ်ကြာအောင် နေခဲ့တယ်လို့ ဆိုတယ်။ သွားတွေ ဟမရလို့ သူက အရည်ကိုပဲ အဓိကသောက်ရတယ်။ အဲဒီကာလမှာ ၁၄.၃ ကီလိုဂရမ်အထိ ဝိတ်ချနိုင်ခဲ့ပါသတဲ့။ ဒါပေမဲ့ slimming wire ကို အသုံးပြုပြီး ဝိတ်ချတဲ့နည်းလမ်းက ဝေဖန်မှုတွေတော့ ကြုံရတယ်။

slimming wire တွေ တပ်ထားရင် သွားက ၂ မီလီမီတာလောက်ပဲ ဟလို့ ရတယ်။ ဝေဖန်မှုတွေ ရင်ဆိုင်ရပေမဲ့ တောင်အာဖရိကမှာတော့ ဝိတ်ချဖို့ဆိုရင် slimming wire ကို အသုံးပြုကြတာများတယ်။ slimming wire တပ်ထားတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာ အတွေ့အကြုံတွေကို ရှင်းပြထားတဲ့ TikTok ဗီဒီယို ရာနဲ့ချီ ရှိနေပါတယ်။

Ref:Woman Allegedly Wires Her Own Mouth Shut to Lose Weight

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top