မသန်စွမ်းသူတွေ လမ်းလျှောက်နိုင်စေဖို့ ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်တဲ့ အပေါ့စားစက်ရုပ်ကို တောင်ကိုရီးယားပညာရှင်တွေ တီထွင်

23.12.2024-yyl-1.png

တောင်ကိုရီးယားနိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့ဟာ ခန္ဓာကိုယ်အောက်ပိုင်းသေနေသူတွေ လှုပ်ရှားသွားလာနိုင်ဖို့ ရည်ရွယ်ပြီး ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်တဲ့ အပေါ့စားစက်ရုပ်တစ်မျိုးကို တီထွင်ဖန်တီးခဲ့ကြပါတယ်။

တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာကျောင်းမှ Exoskeleton ဓာတ်ခွဲခန်းမှ သုတေသီအဖွဲ့က WalkON Suit F1 အပေါ့စားစက်ရုပ်ကို တီထွင်ခဲ့ကြတာပါ။ အလူမီနီယမ်နဲ့ တိုင်တေနီယမ်သတ္တုကို ပေါင်းစပ်ထားပြီး မော်တာ ၁၂ လုံး တပ်ဆင်ထားတဲ့ ဒီစက်ရုပ်က အလေးချိန် ၅၀ ကီလိုဂရမ် ရှိပါတယ်။

သုတေသီအဖွဲ့မှာ ပါဝင်သူ ကင်ဆောင်ဟွမ်ဟာ ခန္ဓာကိုယ်အောက်ပိုင်းသေနေသူဖြစ်ပြီး ဒီစက်ရုပ်ကို ဝတ်ဆင်ပြခဲ့ပါတယ်။ သူဟာ လှေကားထစ်တွေ၊ စင်္ကြံလမ်းပေါ်တွေကို တက်ပြနိုင်ခဲ့ပြီး တစ်နာရီ ၃.၂ ကီလိုမီတာနှုန်းနဲ့ လမ်းလျှောက်နိုင်ခဲ့ပါတယ်။

မသန်စွမ်းသူတွေရဲ့ နေ့စဉ်ဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး သုတေသီတွေက ဒီစက်ရုပ်ကို တီထွင်ခဲ့ကြတာပါ။ Iron Man ဇာတ်ကားကြည့်ပြီး မသန်စွမ်းသူတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်အသုံးပြုနိုင်တဲ့ စက်ရုပ်မျိုး တီထွင်ဖို့ အကြံရခဲ့တာလို့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပက်ဂျောင်ဆုက ဆိုပါတယ်။

စက်ရုပ်ခြေထောက်မှာ ဘေးဘီဝဲယာကို ကြည့်နိုင်အောင် မှန်ဘီလူးတွေ ထည့်သွင်းထားပြီး လှေကားထစ် တစ်ထစ်ချင်းစီရဲ့ အမြင့်၊ အတားအဆီးတွေကို တွက်ချက်ပိုင်းခြားနိုင်စွမ်း ရှိပါတယ်။

Ref: South Korean team develops Iron Man robot that helps paraplegics walk
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply