ကွယ်လွန်ပြီးအိမ်ဦးနတ်နှင့်အတူ

father.gif

နစ်ကိုးလ် ဘန်းနတ် (Nicole Bennett) လို့ခေါ်တဲ့ အမျိုးသမီးက လေးနှစ်အရွယ် သားလေးတစ်ယောက်ရဲ့ မိခင်ပါ။ နောက်ထပ်ကလေးလေး မွေးဖွားဖို့ ၂ လအလိုလောက်မှာတော့ သူ့ခင်ပွန်းဖြစ်သူဟာ အက်ဆီးဒန့်တစ်ခုကြောင့် မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့ပါတယ်။

သမီးလေးအရမ်းလိုချင်တဲ့ခင်ပွန်းက သားလေးမွေးလာမယ်သိတော့လည်း သူ့ အချစ်တွေကလျော့မသွားခဲ့ပါဘူး။ ကလေးလမ်းလျှောက်တတ်လာတဲ့အခါ မိသားစုဓာတ်ပုံလေးအတူရိုက်ရအောင်လို့တောင် ပြောထားတာ ရှိခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ကလေးမွေးဖို့ ၂ လ အလိုလေးမှာမှ သူက ဘဝကူးသွားခဲ့ရတာပါ။ နစ်ကိုးလ်ဟာ သားအကြီးလေးအတွက် မိခင်လိုကော ဖခင်လိုပါ ကျင့်ကြံနေထိုင်ခဲ့ပေမဲ့ ကလေးအတွက် ဖခင်မရှိနေတဲ့အပေါ်မှာ အမြဲဝမ်းနည်းခဲ့ရပါတယ်။ သူတို့အယူအဆအရ ဖခင်ဟာ သေဆုံးသွားပေမဲ့ ဘေးနားမှာအမြဲတမ်းရှိနေကြောင်းပြောပြီး ကလေးကို ဖြေသိမ့်ပေးပါတယ်။ ကလေးကို ဖြေသိမ့်ဖို့နည်းလမ်းအနေနဲ့ကော ခင်ပွန်းသည်ရဲ့စကားအတွက်ပါ မိသားစုဓာတ်ပုံလေးကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖခင်ရဲ့ ဝိညာဉ်ဟာ အမြဲတမ်းဘေးနားမှာရှိနေကြောင်း၊ စောင့်ရှောက်ပေးနေတဲ့အကြာင်း ကလေးကို ပြဖို့ ရည်ရွယ်ချက်နဲ့ ဓာတ်ပုံဆရာတစ်ဦးကို အခုလို ဖန်တီးရိုက်ကူးပေးစေခဲ့တာလည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top