အသက် ၆၀ အရွယ် စင်ကာပူလူမျိုးဓာတ်ပုံဆရာ ချဝမ်ဒို တန်ဟာ သူ့ရဲ့မွေးနေ့မှာ ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်ကြောင့် ပြန်ပြီး နာမည်ကြီးလာခဲ့ပါတယ်။ အရင်က သူ့ရဲ့နုပျိုမှုကြောင့် လူအများပြောစမှတ်ပြုခဲ့တာပါ။ အသက် ၆၀ ပြည့်မွေးနေ့မှာ သူ တင်ခဲ့တဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်အသုံးပြုသူတွေကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။



သူက မတ်လ ၃ ရက်နေ့မှာ မွေးနေ့အမှတ်တရအဖြစ် သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ သူက “ဒီနေ့..ကျွန်တော့်ရဲ့အသက် ၆၀ ပြည့်မွေးနေ့မှာ အချိန်က တစ်ခုတည်းသေအစစ်အမှန်ကြွယ်ဝချမ်းသာမှုဖြစ်တယ်ဆိုတာ အမှတ်ရစေပါတယ်။ နေထွက်ချိန်တိုင်းက အာမခံချက်မဟုတ်ဘဲ အမွေအနှစ်အဖြစ် ရောက်ရှိလာတယ်။ ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်ရပ်တည်နေရတာကို ကျွန်တော် ကျေးဇူတင်မိတယ်။ အခုဆို လျှောက်လှမ်းနေတဲ့လမ်းကြောင်းကတော့ ရိုးရှင်းပါတဘ်။ နေ့တိုင်း သဘာဝနဲ့ နေရောင်ခြည်ထိတွေ့တယ်။ တည်မြဲတဲ့အရာတွေနဲ့ လိုက်လျောညီထွေအောင် နေထိုင်တယ်။ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်”လို့လည်း ရေးသားခဲ့ပါတယ်။


အသက် ၆၀ ပြည့်သွားပေမဲ့ သူ့ရဲ့နုပျိုမှုက လူမှုကွန်ယက်အသုံးပြုသူတွေကို ထပ်ပြီးမယုံကြည်နိုင်ဖြစ်စေခဲ့ပါတယ်။ သူ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါသေးတယ်။
ချဝမ်ဒို တန်ရဲ့နုပျိုမှုလျှို့ဝှက်ချက်ကို ပြောရရင် သူဟာ သူ့အသက် ၂၀ အရွယ်မှာ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။ ကယ်လိုရီပမာဏမျှတစွာ စားသုံးတယ်။ အကောင်းမြင်စိတ်ထားတယ်။ စိတ်ကို ကျန်းမာအောင်နေတယ်။ ကိုယ်ကြိုက်တာကိုယ် လုပ်တယ်။ နေ့ဘက်မှာတောင် မျက်နှာကို သေချာသစ်ပြီး အစိုဓာတ်ဖြည့်တဲ့ Moisturiser ကို မကြာခဏလိမ်းတယ်။ ကဖိန်းဓာတ်ပါဝင်တဲ့ဖျော်ရည်တွေကို ရှောင်ကြဉ်ပါတယ်။


Ref: S’porean photographer Chuando breaks the internet again with youthful looks on 60th birthday
WL (ရိုးရာလေး)

