အိန္ဒိယနိုင်ငံမှာ ဝတ်ပြုရာနေရာ၊ ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်နဲ့ ရုံးတွေ ပြန်ဖွင့်ပြီ

intl5604.jpg

ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးနေတဲ့ အိန္ဒိယနိုင်ငံမှာတော့ ဇွန်လ ၈ ရက်ကစပြီး ဈေးဝယ်စင်တာတွေ၊ ဝတ်ပြုရာနေရာတွေ၊ စားသောက်ဆိုင်တွေနဲ့ ရုံးတွေကို ပြန်ဖွင့်ပေးတော့မှာပါ။ သတ်မှတ်ချက်တွေထဲမှာတော့ အလုပ်ချိန်တွေ ခွဲခြားထားဖို့၊ ဘုရားကျောင်းတွေမှာ စားစရာ မကျွေးကြဖို့၊ လေအေးပေးစက်ကို ၂၄ ဒီဂရီပဲ ထားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်နေဆဲ ဇုန်တွေမှာတော့ ဈေးဝယ်စင်တာတွေ၊ ဝတ်ပြုရာနေရာတွေ၊ စားသောက်ဆိုင်တွေနဲ့ ရုံးတွေကို ပိတ်ထားဆဲဖြစ်ပြီး မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပဲ ခွင့်ပြုထားပါတယ်။ နာမကျန်းဖြစ်နေသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။ ပြန်လည်ဖွင့်လှစ်မယ့်နေရာအားလုံးအနေနဲ့ ဝင်ပေါက်တွေမှာ လက်သန့်ဆေးရည်တွေ ထားပေးပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို လိုက်နာရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဝတ်ပြုရာနေရာတွေမှာတော့ သိဒ္ဓိတင်ထားတဲ့ရေနဲ့ ဖျန်းတာ၊ ရုပ်တုတွေ၊ ဘုရားစာအုပ်တွေ ကိုင်တွယ်တာ၊ လူစုလူဝေးလုပ်တာမျိုးကို တားမြစ်ထားပါတယ်။ သတ်မှတ်ထားတဲ့ လုပ်ဆောင်မှုနည်းလမ်းတွေအရဆိုရင်တော့ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာ အစားအစာထုပ်တွေကို စားသုံးသူတွေထံ တိုက်ရိုက်ပေးခွင့်မရှိပါဘူး။ ပါဆယ်ဝယ်ယူကြဖို့ပဲ တိုက်တွန်းထားပြီး စားသောက်ဆိုင်တွေအနေနဲ့ ဝင်ဆံ့သူအရေအတွက်ရဲ့ တစ်ဝက်ကိုပဲ ရောင်းချခွင့်ပြုရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top