သားနှစ်ယောက် အပေါ် မိခင်မေတ္တာ ကြီးမားခဲ့တဲ့ မင်းသမီး ဒိုင်ယာနာ

dianalarge.jpg

Princess Diana wearing a Jasper Conran suit during a visit to a community centre in Brixton, October 1983. (Photo by Princess Diana Archive/Getty Images)

“Candle in the wind” သီချင်းလေးက မင်းသမီး ဒိုင်ယာနာကို ချီးကျူးဂုဏ်ပြုထားတဲ့သီချင်းလေးပါ။

ဒီသီချင်းကို“လေထဲကဖယောင်းတိုင်” ဆိုပြီးလေးလေးဝါးက ပြန်ဆိုထားပါတယ်။ ဒီသီချင်းလေးနားထောင်ရတိုင်း ကြွေလွင့်သွားရှာတဲ့ တော်ဝင်မင်းသမီး လေးကို နှမြောမိသလိုခံစားရတယ်။ ချားလ်စ် မင်းသားနဲ့ အိမ်ထောင်သက် ၅နှစ်ကြာ လက်တွဲခဲ့ရပေမယ့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အခြေအနေဘယ်လိုပဲရှိခဲ့ပါစေ သားငယ်နှစ်ယောက်ကို စောစီးစွာကျောခိုင်းသွားခဲ့ရတဲ့ မိခင်တစ်ယောက်နေရာက ခံစားကြည့်ရင် ဒါက ဝမ်းနည်းကြေကွဲစရာပါ။

သူ့ရဲ့ ဘွဲ့ထူးဂုဏ်ပုဒ်တွေ ဘယ်လိုပဲရှိပါစေ ၊ ဝေလမင်းသားရဲ့ကြင်ယာတော်ဖြစ်တဲ့ မင်းသမီး ဒိုင်ယာနာ က မိခင်မေတ္တာအပြည့်အဝရှိသူ တစ်ယောက်ဆိုလည်းမမှားပါဘူး။ လူအများစုကဒါကိုလက်ခံထားကြသလို ဟယ်ရီ နှင့် ဝီလျံ သားနှစ်ယောက်အပေါ် မိခင်ဒိုင်ယာနာရဲ့ အံ့မခန်း ချစ်ခြင်းမေတ္တာ အကြောင်း အသစ်ထပ် သိထားရတဲ့ ကိစ္စရှိပါတယ်။

မကြာသေးခင်ကမှ မင်းသမီး ဒိုင်ယာနာရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် Patti Boulaye ပြောကြားချက်အရ မင်းသားဟယ်ရီ ဆေးရုံတက်နေရတုန်း ဒိုင်ယာနာက ကြမ်းပေါ်မှာ အိပ်ပြီးစောင့်ပေးခဲ့တာပါတဲ့။ ဆေးရုံဝန်ထမ်းတွေက အိပ်ရာကိုစီစဉ်ပေးပြီး သူ သက်တောင့်သက်သာရှိစေဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ဒါပေမဲ့လို့ မင်းသမီးဒိုင်ယာနာအတွက် ကြမ်းပြင်ပေါ်အိပ်ရလို့လည်း ငြီးငြူ ဝေဖန်ခြင်းမပြုခဲ့ပါဘူး။ အဲ့အချိန်တုန်းက ဒိုင်ယာနာ အသက် က ၂၆ နှစ်သာရှိသေးပြီး မင်းသားလေးက၃နှစ်သာသာပဲရှိသေးပါတာပါ။

ဒိုင်ယာနာ မင်းသမီးက ဖက်ရှင်ကျပြီးတော်ဝင်ဆန်တယ်ဆိုတာထက်ပိုပါတယ်။ ဒါပေမယ့် သူမက အစဉ်အလာထုံးတမ်းတွေနဲ့ ဘောင်မခတ်ထားဘဲ လွတ်လပ်စွာ လောကကြီးကို ဖြတ်သန်းခဲ့တာပါ။ အဆင့်အတန်းခွဲခြားခြင်း ဆိုတာတွေလည်း ပြုလုပ်ခြင်း မရှိခဲ့သူတစ်ယောက်ပါ။သူမရဲ့နှလုံးသား အစုံပုံအပ်ပြီး သူ့သားနှစ်ယောက်ကို ချစ်ခဲ့တာပါ။လူ့လောကကြီးကနေ အစောကြီး ထွက်ခွာသွားရပေမယ့် သူချန်ထားရစ်တဲ့ ချစ်ခြင်းမေတ္တာဗီဇက ဟယ်ရီနဲ့ ဝီလျံအပေါ် ထာဝရရှိနေမှာပါ။ အခုအချိန်မှာ ဒိုင်ယာနာမင်းသမီး မရှိတော့ပေမယ့် သူ့ရဲ့ ချစ်မေတ္တာနှင့်ကြင်နာမှုတွေကတော့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ထင်ကျန်ရစ်နေဦးမှာပါ။

Ref: Fabiosa: Princess Diana Was A Devoted Mother: She Slept On The Floor Next To Her Sick Son In Hospital

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top