အခုနှစ် ဒီဇင်ဘာလထဲ ထွက်ရှိလာမယ့် Squid Game Season 2

1.8.2024-yyl-2.jpg

ရုပ်ရှင်ချစ်ပရိသတ်တွေ စောင့်ဆိုင်းနေကြတဲ့ Squid Game Season 2 ထုတ်လွှင့်ပြသမယ့်ရက်အတိအကျထွက်ရှိလာခဲ့ပါပြီ။ Season 1 မှာ တော်တော်လေးအောင်မြင်ခဲ့တဲ့ ဒီစီးရီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ အမေရိကန် Netflix အင်စတာဂရမ်အကောင့်မှာ ဩဂုတ်လ ၁ ရက်နေ့က ကြေညာခဲ့တာပါ။

Final Season ကိုလည်း ၂၀၂၅ ခုနှစ်မှာ ထွက်ရှိမယ်ဆိုတာကိုထုတ်ပြောထားပါတယ်။ Squid Game Season 2 မှာ Season 1 မှာ ပါပြီးသားသရုပ်ဆောင်တွေအပြင် အခြားနာမည်ကြီးမင်းသားတော်တော်များများလည်း ပါဝင်ထားတဲ့အတွက် စီးရီးကို ဘယ်လိုတင်ဆက်သွားမလဲဆိုတာ မကြာမီအချိန်အတွင်း ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Squid Game Season 1 ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့တဝှမ်းအောင်မြင်မှုများစွာရရှိခဲ့တဲ့ကိုရီးယားစီးရီးတစ်ခုဖြစ်ခဲ့ပါတယ်။

Ref: Squid Game season 2 to air on Dec.26,2024

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top