ပိုလန်နိုင်ငံက ရန်ပုံငွေဖျော်ဖြေပွဲမှာ ယူကရိန်းနိုင်ငံတော်သီချင်း သီဆိုခဲ့တဲ့ ယူကရိန်းဒုက္ခသည်ကလေးမလေ

23-2-2022-yyl08.jpg

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့အချိန် ပုန်းအောင်းနေရင်း “Let it Go” သီချင်း သီဆိုခဲ့တဲ့အတွက် ကမ္ဘာ့တစ်ဝှမ်းရဲ့ သတိထားခြင်းကို ခံခဲ့ရတဲ့ ကလေးမလေးဟာ အခုဆိုရင် ပိုလန်နိုင်ငံမှာ သူ့နိုင်ငံရဲ့နိုင်ငံတော်သီချင်းကို သီဆိုသွားခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ် အမလီယား အန်နီဆိုဗစ်ချ် (Amellia Anisovych) ဆိုတဲ့ အဲဒီကလေးမလေးက တနင်္ဂနွေနေ့ညက ပိုလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “Together for Ukraine” ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုမှာ ယူကရိန်းနိုင်ငံတော်သီဆိုကို သီဆိုခဲ့ပါတယ်။ အမလီယားက ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး ယူကရိန်းရိုးရာဝတ်စုံဝတ်ကာ နိုင်ငံတော်သီချင်းကို သီဆိုဖျော်ဖြေခဲ့တာပါ။အခုဆိုရင် အမလီယားက သူ့ရဲ့အဘွား၊ အစ်ကိုတို့နဲ့အတူ ပိုလန်နိုင်ငံမှာ နေထိုင်ခွင့်ရခဲ့တဲ့ ဒုက္ခသည်ဖြစ်နေပါပြီ။ သူ့ရဲ့မိဘတွေကတော့ ကီးယက်မြို့မှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့အစောပိုင်းမှာ အမလီယားဟာ ကီးယက်မြို့က ကတုတ်ကျင်းမှာ ပုန်းအောင်းနေခဲ့ပြီး “Frozen” အန်နီးမေးရှင်းဇာတ်ကားထဲက “Let it Go” သီချင်းကို သီဆိုခဲ့ပါတယ်။ အဲဒီနောက်မျာ သူ့ရဲ့သီဆိုမှုကို လူမှုကွန်ယက်မှာ မျှဝေလိုက်တဲ့အခါမှာ လူသိများသွားခဲ့ပါတယ်။ အဲဒီဗီဒီယိုက “Forzen” ရဲ့ စတား (၂) ယောက်ဖြစ်တဲ့ အင်ဒီနာ မန်ဇယ် (Idina Menzel) နဲ့ ဂျို့ချ် ဂတ် (Josh Gad) တို့ဆီတောင် ရောက်သွားခဲ့ပါတယ်။ သူတို့တွေက အမလီယားကို အားပေးတယ်ဆိုတဲ့အကြောင်း တွစ်တာမှာ တင်ခဲ့ပါတယ်။

“Frozen” မှာ အယ်လ်ဆာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ အင်ဒီနာက “ငါတို့ မင်းကို တွေ့ချင်တယ်။ တကယ် တကယ်ကို တွေ့ချင်တာပါ” လို့ အမလီယားရဲ့ဗီဒီယိုကို မျှဝေရင်း ရေးသားခဲ့ပါတယ်။ နှင်းခဲရုပ် Olaf အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ဂတ်က “အခု အန္တရာယ်ကျရောက်နေတဲ့ ကလေးတိုင်းနဲ့ သူ့ကို ပွေ့ဖက်ကာ ကာကွယ်ပေးချင်တယ်။ ကျွန်တော် အကူအညီမဲ့သလိုခံစားရတယ်” လို့ ရေးသားခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်စတင်ကတည်းကစပြီး လူပေါင်း (၃.၄) သန်းကျော်က ယူကရိန်းကနေ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့အချက်အလက်တွေအရ သိရပါတယ်။ ပြည်တွင်းနေရပ်စွန့်ခွာသွားတဲ့ ယူကရိန်းနိုင်ငံသားတစ်ဝက်နဲ့ တိမ်းရှောင်လာသူတစ်ဝက်က ကလေးသူငယ်တွေဖြစ်တယ်လို့ UNICEF က ပြောကြားထားပါတယ်။

ယူကရိန်းနိုင်ငံတော်သီဆိုမှုဗီဒီယို

Let it go သီချင်းသီဆိုမှုဗီဒီယို

Ref: ABCNews “Ukrainian girl who sang ‘Let It Go’ in shelter sings Ukrainian national anthem in Poland”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top