ပါရီမြို့က ကမ္ဘာကျော် သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်တဲ့ ရှေးဟောင်းဘုရားကျောင်းကြီး နော်တြာဒိမ်း (Notre Dame) ဟာ ပြီးခဲ့တဲ့လက မီးလောင်သွားခဲ့ပြီး ဒီဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် ပြင်သစ်ဝန်ကြီးချုပ်က နိုင်ငံတကာဗိသုကာပညာရှင်တွေရဲ့ စိတ်ကူးစိတ်သန်း နဲ့ ဒီဇိုင်းလက်ရာတွေကို ဖိတ်ခေါ်ထားခဲ့ပါတယ်။
(၁၉) ရာစုအငွေ့အသက်တွေနဲ့ ထုံမွှမ်းထားပြီး နှစ်ပေါင်း (၈၅၀) သက်တမ်းရှိတဲ့ နော်တြာဒိမ်းဘုရားကျောင်းကြီးကို ပြန်လည်မွေးဖွားရှင်သန်ခြင်း ‘Palingenesis’ လို့ အမည်ရတဲ့ စီမံကိန်းနဲ့အတူ (၂၁) ရာစု ခေတ်မီဘုရားကျောင်းကြီးအဖြစ် ပြန်လည်မွမ်းမံတည်ဆောက်သွားဖို့အတွက် ပြင်သစ်ကုမ္ပဏီ Vincent Callebaut Architectures ကနေ ကမ်းလှမ်းလိုက်ပါတယ်။

ပြင်သစ်နဲ့ ဥရောပယဉ်ကျေးမှုရဲ့သမိုင်းပြယုဂ်ဖြစ်ခဲ့တဲ့ ဘုရားကျောင်းကြီးကို ဂေဟစနစ်နဲ့ သဟဇာတဖြစ်ပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးနဲ့ ကိုက်ညီတဲ့ အဆောက်အဦအဖြစ် သစ်လွင်တဲ့ခေတ်မီဒီဇိုင်းလက်ရာတွေနဲ့ ပြန်ပြီးပုံဖော်လိုတာဖြစ်
ဒီကုမ္ပဏီရဲ့ရည်ရွယ်ချက်ကတော့ ပြင်သစ်နဲ့ ဥရောပယဉ်ကျေးမှုရဲ့သမိုင်းပြယုဂ်ဖြစ်ခဲ့တဲ့ ဘုရားကျောင်းကြီးကို ဂေဟစနစ်နဲ့ သဟဇာတဖြစ်ပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးနဲ့ ကိုက်ညီတဲ့ အဆောက်အဦအဖြစ် သစ်လွင်တဲ့ခေတ်မီဒီဇိုင်းလက်ရာတွေနဲ့ ပြန်ပြီးပုံဖော်လိုတာဖြစ်ပါတယ်။

သဘာဝနဲ့ လူမှုပတ်ဝန်းကျင်အကျိုးပြု၊ ဂေဟစနစ်အကျိုးပြုအစီအစဉ်တွေနဲ့ ပြန်တည်ဆောက်သွားဖို့ ကုမ္ပဏီက ရည်ရွယ်
ဒါ့အပြင် ဘုရားကျောင်းကြီးကို ခေတ်မီ မှန်ဒီဇိုင်း၊ စွမ်းအင်အမြောက်အမြားသုံးစွဲမှုကို လျှော့ချပေးမယ့်အပြင် စွမ်းအင်သိုလှောင်မှုပါလုပ်ဆောင်ပေးနိုင်မယ့် နေစွမ်းအင်သုံးဆိုလာစနစ်၊ ပါရီမြို့ရဲ့ ဒေသခံအိမ်ရာမဲ့တွေအတွက် အာဟာရကူညီပေးဝေနိုင်ဖို့ တစ်နှစ်ကို အသီးအနှံ (၂၁) တန်အထိ ထွက်ရှိမယ့် အသီးအနှံစိုက်ခင် စသဖြင့် သဘာဝနဲ့ လူမှုပတ်ဝန်းကျင်အကျိုးပြု၊ ဂေဟစနစ်အကျိုးပြုအစီအစဉ်တွေနဲ့ ပြန်တည်ဆောက်သွားဖို့ ကုမ္ပဏီက ရည်ရွယ်နေတာဖြစ်ပါတယ်။

‘Palingenesis’ လို့ အမည်ရတဲ့ စီမံကိန်းနဲ့အတူ (၂၁) ရာစု ခေတ်မီဘုရားကျောင်းကြီးအဖြစ် ပြန်လည်မွမ်းမံ တည်ဆောက်သွားဖို့အတွက် ပြင်သစ်ကုမ္ပဏီ Vincent Callebaut Architectures ကနေ ကမ်းလှမ်းလိုက်
” ကျွန်တော်တို့ ပြင်သစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ အနပညာ၊ ဘာသာရေးကိုးကွယ်မှု စတာတွေကို သမိုင်းတစ်ခေတ် အသစ်ပြန်ရေးချင်တာမျိုး မဟုတ်ပါဘူး။ တန်ဖိုးကြီးလှတဲ့ ရှေးဟောင်းဘုရားကျောင်းကြီးကို အနာဂတ်မှာ ရာသီဥတုဒဏ်ခံနိုင်ပြီး ခေတ်မီခိုင်ခံ့မယ့်၊ ဂေဟစနစ်ကိုအကျိုးပြုပြီး ဂေဟသဟဇာတဖြစ်လာစေအောင် ဒီလို ထူးခြားတဲ့စီမံကိန်းကို တင်ပြရတာဖြစ်ပါတယ်” လို့ ကုမ္ပဏီက ဆိုထားပါတယ်။
Ref: CNN ” Architect unveils striking proposal for ‘green’ Notre Dame ”
AI (ရိုးရာလေး)