ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိပြီး ပေါင်သန်း (၁၇၀) ပိုင်ဆိုင်ခဲ့တဲ့ ဗီလာ

61432202_2350475041662401_6559681904545628160_n-2.jpg

ကမ္ဘာ့တန်ကြေးအများဆုံး ဘောလုံးပွဲလို့ တင်စားကြတဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့် နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်မှာ အက်စတွန်ဗီလာက ဒါဘီကောင်တီအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တက်လှမ်းလာခဲ့ပါတယ်။

ပွဲချိန် (၄၄) မိနစ်မှာ မိုဟာမက်ဒီရဲ့ဖြတ်တင်ဘောကို အယ်ဂါဇီက ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ ဗီလာက (၁-ဝ) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် (၅၉) မိနစ်မှာ အယ်ဂါဇီ ကန်တင်လိုက်တဲ့ ဘောလုံး လမ်းကြောင်းပြောင်းသွားတာကို ဂျွန်မက်ဂင်းက ဂိုးသမားရှေ့ကနေ ခေါင်းတိုက်ပြီး ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

(၂) ဂိုးပြတ် ရှုံးနိမ့်နေချိန်မှာ နည်းပြလမ်းပတ်က တိုက်စစ်မှူး ဂျက်မာရီယော့ကို လူစားလဲခဲ့ပါတယ်။ ဂျက်မာရီယော့ဟာ လိဒ်ကို (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြခဲ့သလို အခုပွဲမှာလည်း ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် (၈၂) မိနစ်မှာ ဘယ်တောင်ပံ ဖြတ်တင်ဘောကတစ်ဆင့် ဘိုဂယ် ချပေးတဲ့ ဘောလုံးကို ဂျက်မာရီယော့က ကန်သွင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ဗီလာက အနိုင်ရလဒ်ကို ထိန်းပြီး ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဗီလာဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိမယ့်အတွက် ပေါင်သန်း (၁၇၀) ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘောလုံးလောကမှာ တန်ကြေးအများဆုံးဘောလုံးပွဲလို့ သတ်မှတ်ကြတာပါ။

Nz(ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top