အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရတဲ့ မြင်းကျားအဆင်းသဏ္ဍာန် ကျောက်တုံးတစ်တုံးကြောင့် သိပ္ပံပညာရှင်များ စိတ်လှုပ်ရှားနေ

3.10.2024-yyl-1.jpg

အမေရိကန်အာကာသအေဂျင်စီ (NASA)မှ ဂြိုဟ်ပေါ်ဆင်းယာဉ်တစ်စီးဟာ အင်္ဂါဂြိုလ်ပေါ်မှာ အသစ်အသစ်သော အရာတွေတွေ့ရှိမယ်လို့ ယူဆတဲ့နေရာကို ဆင်းသက်ခဲ့ရာ ထူးဆန်းတဲ့ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့ပါတယ်။ ရေခဲတောင်ကျောက်တွေလို အဖြူ၊ အမည်း အစင်းကြားဖြစ်နေတဲ့ ကျောက်တုံးကို တွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။

Mars Perseverance လို့ အမည်ရတဲ့ ဂြိုဟ်ပေါ်ဆင်းယာဉ်ဟာ စက်တင်ဘာလ ၁၃ ရက်မှာ ဒီကျောက်တုံးကို တွေ့ရှိခဲ့တာဖြစ်ပြီး Freya Castle လို့ အမည်ပေးထားပါတယ်။

ကျောက်တုံးတွေ ဖြစ်ပေါ်လာခြင်းမှာ အနည်ကျကျောက်၊ မီးသင့်ကျောက်၊ အသွင်ပြောင်းကျောက်ဆိုတဲ့ ပုံစံ ၃ မျိုးရှိတဲ့အနက် ဒီကျောက်တုံးကတော့ အသွင်ပြောင်းကျောက်အမျိုးအစားဖြစ်မယ်လို့ ယူဆထားပါတယ်။ ဒီကျောက်တုံးကို တွေ့ရှိမှုဟာ အတိတ်ကာလ အင်္ဂါဂြိုလ်အကြောင်း အသေးစိတ်သိရှိနိုင်မယ့် လမ်းစလို့ သတ်မှတ်ထားကြပါတယ်။

Freya Castle ကျောက်တုံးကို တွေ့ရှိရတဲ့ Jezero Crater ချိုင့်ဝှမ်းမှာ အင်္ဂါဂြိုဟ်ရဲ့ ကျောက်သားလွှာနဲ့ အနည်ကျကျောက်သားလွှာတွေသာ အများအားဖြင့် တွေ့ရလေ့ရှိတာကြောင့် ဒီကျောက်တုံးဟာ အမြင့်တစ်နေရာရာကနေ ပြုတ်ကျလာတာဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။

Ref: Strange Rock Found on Mars with Zebra Markings Has NASA Scientists ‘Excited’
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top