ကင်ဆာကို အနိုင်ယူခဲ့တဲ့ ဆရာကို တပည့်တွေက ဆီးကြိုဂုဏ်ပြု

26.5.2023-yyl-14.jpg

ကင်ဆာရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ ဆရာကို တပည့်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက ဆီးကြိုဂုဏ်ပြုခဲ့ကြတဲ့ မြင်ကွင်းပါ။ ဘရင်ဒန်ဟာရစ်ဆန်ဟာ မစ်ချီဂန်ပြည်နယ် Bay City Western အထက်တန်းကျောင်းမှ ကျောင်းဆရာ၊ ဘတ်စကတ်ဘောနည်းပြ ဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အူမကြီးကင်ဆာရောဂါ ခံစားခဲ့ရပြီး ဓာတ်ရောင်ခြည်ကုသမှု ခံယူခဲ့ရသူပါ။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာတော့ ၁၂ ကြိမ်မြောက်နဲ့ နောက်ဆုံး ဓာတ်ရောင်ခြည်ကုသမှု ခံယူပြီး ဆေးရုံကနေ ထွက်လာချိန်မှာ သူ့တပည့် ဘတ်စကတ်ဘော အသင်းသားတွေက အခုလို ဆီးကြိုနှုတ်ဆက် ဂုဏ်ပြုခဲ့ကြတာပါ။

Ref: Students Rally To Support Teacher After His Triumph Over Cancer

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top