ငှက်ပျောသီးကြောက်တဲ့ ဆွီဒင်ဝန်ကြီး

19.11.2024-yyl-3.png

ငှက်ပျောသီးကြောက်တဲ့ ဆွီဒင်ဝန်ကြီးအကြောင်းက နိုင်ငံတကာမီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ကျား၊ မ တန်းတူညီမျှရေးနဲ့ လုပ်ငန်းခွင်ရေးရာ ဝန်ကြီး ဘရန်ဘာ့ဂ်ဟာ ထူးထူးဆန်းဆန်း ငှက်ပျောသီးကြောက်တဲ့ အကြောင်းကို ၂၀၂၀ ပြည့်နှစ်ကတည်းက တွစ်တာမှာ (နောက်ပိုင်း ပြန်ဖျက်သွား) ရေးသားခဲ့ဖူးပါတယ်။

ပေါက်ကြားလာတဲ့ အီးမေးလ်တွေကို The Expressed သတင်းစာက ဖွင့်ချခဲ့ပြီးနောက်မှာ အသက် ၄၁ နှစ်အရွယ်ရှိတဲ့ ဘရန်ဘာ့ဂ်ရဲ့ ငှက်ပျောသီးကြောက်တဲ့အကြောင်း တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့တာပါ။ ” သူ့အခန်းထဲမှာ ငှက်ပျောသီး အရိပ်အယောင်တောင် ရှိနေလို့ မရဘူး။ အစည်းအဝေးပွဲတွေမှာလည်း ငှက်ပျောသီး လုံးဝမရှိအောင် ဂရုစိုက်ရပါတယ်”လို့ ဘရန်ဘာ့ဂ်ရဲ့ဝန်ထမ်းတွေက ဆိုပါတယ်။

ဘရန်ဘာ့ဂ်က ဒီအကြောင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေမဲ့ မကြာခင်ကာလအတွင်း ဆရာဝန်ပြဖို့ ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ငှက်ပျောသီးကြောက်တဲ့ အခြေအနေဟာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ဒီအခြေအနေရှိသူတွေဟာ ငှက်ပျောသီးကို မြင်တဲ့အခါ၊ ငှက်ပျောသီးအနံ့ရတဲ့အခါ စိုးရိမ်ပူပန်မှုနဲ့ အော့အန်မှု အစရှိတာတွေ ဖြစ်စေနိုင်ပါတယ်။

Ref: Swedish Minister’s Bizarre Banana Phobia Makes International News Headlines
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top