ဂီတလောကထဲ ဝင်ရောက်လာခဲ့ပြီး တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မှုလုပ်ခဲ့တဲ့ မင်းသားကြီး ဒွန်နီယန်းရဲ့သမီးဖြစ်သူ

2.8.23-yyl-2.jpg

ဟောင်ကောင်မင်းသားကြီး ဒွန်နီယန်းက ကိုယ်ခံပညာနာမည်ကြီးမင်းသားဖြစ်ပေမဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ ဂျက်စမင် ယန်းကတော့ သူ့နဲ့မတူဘဲ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့လုပ်နေပါတယ်။ ဇူလိုင် ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ Majulah Music Night မှာ ဂျက်စမင်က ပထမဆုံးအကြိမ်အနေနဲ့ တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ဂျက်စမင်ရဲ့မိခင်ဖြစ်သူ ဆစ်စီဝမ်ကလည်း ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပြီး အင်စတာဂရမ်ရဲ့ Stories မှာ ဂျက်စမင်ရဲ့ပုံတွေကို တင်ခဲ့ပါတယ်။ “သမီးရဲ့ တတိယမြောက်သီချင်းမှာ လူတိုင်းက သမီးရဲ့ဂီတကို နှစ်သက်နေကြတယ်။ သမီးရဲ့အရည်အချင်းနဲ့ကြိုးစားမှုကို သက်သေပြနေတယ်။ သမီးကို အမေတို့ချစ်တယ်”လို့လည်း ရေးသားခဲ့ပါတယ်။ ဒွန်နီယန်းကလည်း ဇနီးဖြစ်သူရဲ့ပို့စ်တွေကို သူ့ရဲ့အင်စတာဂရမ် Stories ထဲ ပြန်တင်ခဲ့ပါတယ်။

ဂျက်စမင်ကလည်း သူ့ရဲ့ပထမဆုံးဖျော်ဖြေတင်ဆက်မှုနဲ့ပတ်သက်ပြီး အင်စတာဂရမ်မှာ အခုလိုပြောခဲ့ပါတယ်။ “ကျွန်မရဲ့ပထမဆုံးတိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုနဲ့ ကျွန်မရဲ့မူရင်းသီချင်းတွေနဲ့ပထမဆုံးဖျော်ဖြေတင်ဆက်မှုပါ။ ဝိုး…ကျွန်မရဲ့နှလုံးသားက ချစ်ခြင်းမေတ္တာနဲ့အားပေးမှုတွေနဲ့ပြည့်နေပါတယ်။ စင်ကာပူမှာ ဒီလိုနွေးထွေးတဲ့ကြိုဆိုမှုရလို့ ကျွန်မ အရမ်းကျေးဇူးတင်မိတယ်”တဲ့။

Sony Music Entertainment ရဲ့ RCA Records China နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဂျက်စမင်ဟာဇူလိုင် ၂၈ ရက်နေ့က Idk (I Don’t Know Why This Isn’t Working) တစ်ကိုယ်တော်သီချင်းနဲ့ ဂီတလောကထဲ စပြီးဝင်ရောက်ခဲ့ပါတယ်။ ဂျက်စမင်ရဲ့ပွဲဦးထွက်အယ်လ်ဘမ်က စက်တင်ဘာ ၁ ရက်နေ့ထွက်ရှိမှာဖြစ်ပြီး ဂျက်စမင်ပါဝင်ရေးသားထားတဲ့သီချင်း ၈ ပုဒ် ပါဝင်မှာဖြစ်ပါတယ်။

Ref: Donnie Yen’s daughter Jasmine performs debut single for the 1st time in Singapore

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top