ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားဖို့ မိုဗစ် အသင့်ဖြစ်နေဟု ဆို

5a3dacbe41411_641zlatan.jpg

မန်ယူအသင်းတိုက်စစ်မှုး အေဘရာဟီမိုဗစ်ဟာ ကျောနံပတ် ၁၀ ဂျာစီဝတ်ပြီး ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားဖို့ အဆင့်သင့်ဖြစ်နေတယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မိုဗစ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် အသင်းနဲ့အတူ လေကျင့်ခန်းပြန်ဆင်းခဲ့ပြီး ဘရစ္စတိုးနဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ပြန်လည်ပါဝင်ကစားခဲ့ပါတယ်။

နည်းပြမော်ရင်ဟို က “ မိုဗစ်ကို ရွေးချယ်လို့ ရပါပြီ။ သူဟာ တစ်နာရီကြာ ပြန်ကစားနိုင်ခဲ့တယ်။ သူ ဟာ ပွဲထွက် ကစားသမားအဖြစ် ပြန်စတင်ပါဝင်နိုင်ဖို့ အဆင့်သင့်ရှိနေပါတယ်။ ပွဲချိန် ပြည့် ကစားဖို့ ကျတော့ မိနစ် ၉၀ ဆိုတာ များလွန်းနေသေးတယ်။ အဲဒီလိုမျိုး ကစားဖို့ ဆိုတာ ဟာ ကစားရမယ့် ပွဲအပေါ်မှာမူတည်နေတယ်။ ကျွန်တော် အထင်တော့ ပွဲထွက်ကစားနိုင်ဖို့ အဆင့်သင့်ဖြစ်နေတယ်။” လို့ေ ပြောခဲ့ပါတယ်။

တိုက်စစ်မှုးမိုဗစ် ဟာ လက်ရှိရာသီမှာ အသင်းတိုက်စစ်မှုး လူကာကူ နောက် ဒုတိယဦးစားပေးကစားသမားအဖြစ် အသုံးပြုခံရဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ မိုဗစ် ဟာ မန်ယူအသင်းကိုပြောင်းရွေခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အဓိက တိုက်စစ်မှုးတစ်ဦးဖြစ်ခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Goal : Ibrahimovic ready to start as a number 10

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply