နည်းပြ ရာထူးကထုတ်ခံလိုက်ရတဲ့ ဆီးဗီးလားနည်းပြ ဘီရစ်ဇို

eduardoberizzo-cropped_2msicnr4nxu9z754b7syqadr.jpg

ဆီဗီးလားအသင်းဟာနည်းပြချုပ် ဘီရစ်ဇိုကို ရာထူး ကထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။

ဘီရစ်ဇို ဟာ ကင်ဆာရောဂါကနေ ပြန်လည်ကောင်းမွန်လာပြီး သီတင်းတစ်ပတ်အကြာမှာ အခုလိုမျိုးရာထူးက ထုတ်ခံလိုက်တာပါ၊ ဘီရစ်ဇိုသည် နိုဝင်ဘာလအတွင်းက သူရဲ့ ကင်ဆာရောဂါကို အောင်မြင်စွာကုသနိုင်ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့က လီဗန်တေးနဲ့ပွဲမှာ ဆီဗီလားအသင်း ကို တာဝန်ယူခဲ့ပါတယ်။

ဆီဗီးလားအသင်းဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ဆိုစီဒက်နဲ့ ပွဲမှာ ၃ ဂိုး ၁ ဂိုး နဲ့အရေးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးသုံးပွဲမှာ ၁ မှတ်သာ ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၃ မှတ်ကွာနေပါတယ်။ ဘီရစ်ဇို ဟာ မေလက ဆီဗီလားအသင်းကိုနည်းပြ အဖြစ်တာဝန်ယူခဲ့ပြီးနောက် ၈ လနီးပါး ကြာချိန်မှာ အထုတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဆီဗီလားအသင်း ဟာလက်ရှိအချိန်မှာ နည်းပြချုပ်တစ်ဦးရှာဖွေနေပြီး ဇန်နဝါရီလ ၆ ရက်နေ့မှာ အိမ်ကွင်းပွဲစဉ်အဖြစ် ရီးရဲဘက်တစ်နဲ့ ကစားရမှာဖြစ်ပါတယ်။ ဒါအပြင် ဆီဗီးလားအသင်း ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : BBC : Sevilla sack head coach Eduardo Berizzo

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top