နိုဝင်ဘာ ၂ ရက်နေ့က ဆိုးလ်မြို့၊ ဂန်နမ်ခရိုင်ရှိ ကော်ဖီဆိုင်ပိုင်ဆိုင်က T.O.P နဲ့ နာနာတို့ ဆိုင်လာလည်တဲ့ ဗီဒီယိုကို လူမှုကွန်ယက်ပေါ် မျှဝေခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့မှာ ကျင်းပမယ့် T.O.P ရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့ကော်ဖီဆိုင်ကို ပရိသတ်တွေက အထူးအလှဆင်ထားတာပါ။
T.O.P က ကော်ဖီဆိုင်မှာ ပရိသတ်တွေ ပြင်ဆင်ထားတဲ့ အလှဆင်ထားတာတွေနဲ့ ဓာတ်ပုံတွေကို လည်ပတ်ကြည့်ရှုခဲ့ပါတယ်။ T.O.P က အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ပြီး အဖြူရောင်နှာခေါင်းစည်းကို တပ်ထားပါတယ်။

T.O.P ကို နာနာက အဖော်ပြုပေးနေတာကိုလည်း တွေ့ရပါတယ်။ မီးခိုရောင်ဂျာကင်၊ ဦးထုပ်တို့ကိုဝတ်ဆင်ပြီး နှာခေါင်းစည်းတပ်ထားတဲ့ နာနာက T.O.P နဲ့အတူ ကော်ဖီဆိုင်အနှံ့ကြည့်ရှုခဲ့ပါတယ်။ သူ့ရဲ့ဖုန်းကို ထုတ်ပြီး T.O.P ကို ဗီဒီယိုရိုက်ကူးထားပုံရပါတယ်။
T.O.P နဲ့ နာနာတို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို အောက်တိုဘာ ၂ ရက်နေ့က တရားဝင်အတည်ပြုပေးခဲ့တာပါ။ သူတို့နှစ်ဦးက ဇွန်လဝန်းကျင်လောက်မှာ စတွဲခဲ့ကြတာဖြစ်ပါတယ်။
Ref: T.O.P and Nana Spotted Together at Birthday Cafe One Month After Confirming Their Relationship
WL (ရိုးရာလေး)

