မန်ချက်စတာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲလုပ်ခဲ့တဲ့ အဆိုတော် Ariana Grande

130909803_AFP_Women-wearing-I-Love-MCR-T-shirts-arrive-large_trans_NvBQzQNjv4BqgsaO8O78rhmZrDxTlQBjdGtT0gK_6EfZT336f62EI5U.jpg

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးပေါက်ခွဲမှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande ဟာ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ပတ်အကြာ ဇွန်လ ၄ရက်နေ့မှာ ရန်ပုံငွေဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ဒီ ပေါက်ကွဲမှုဖြစ်ပွားခဲ့တုန်းက ပေါက်ကွဲခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်းမှာပဲ Ariana Grande ဟာ ဂီတဖျော်ဖြေပွဲကျင်းပနေတာဖြစ်ပြီး အသေခံဗုံးကြောင့် သေဆုံးခဲ့ရသူတွေထဲမှာလည်း သူမရဲ့ ဂီတဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ဆယ်ကျော်သက်တွေလည်း အပါအဝင် လူ ၂၂ ဦးနဲ့ လူ ၁၀၀ ထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒါ့ကြောင့်ပဲ One Love Manchester Concert လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို ထပ်မံကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Ariana Grande တင်မကဘဲ နာမည်ကြီး အဆိုတော်(အဖွဲ့)တွေဖြစ်တဲ့ Coldplay, Miley Cyrus, Katy Perry, Justin Bieber, Black Eyed Peas, Take that, Little Mix စတဲ့ အဆိုတော်တွေ အများကြီး ပါဝင်ကူညီဖျော်ဖြေခဲ့ကြပါတယ်။

ဒီရန်ပုံငွေတွေကို မန်ချက်စတာမြို့ကောင်စီနဲ့ ဗြိတိန်ကြက်ခြေနီအသင်းတို့ ပေါင်းစပ်ထူထောင်ထားတဲ့ We Love Manchester Emergency ရဲ့ ရန်ပုံငွေအဖြစ် Ariana Grande ဟာ ပေးအပ်သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref; BBC news

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top