ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့BIGBANG ရဲ့ အဖွဲ့ဝင်ဟောင်း T.O.P ဟာ သူ အဖွဲ့ထဲပြန်ဝင်မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ငြင်းဆိုလိုက်ပါတယ်။ မကြာသေးခင်က BIGBANG အဖွဲ့ထဲ T.O.P ပြန်ဝင်လာတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ BIGBANG အဖွဲ့ရဲ့ Official YouTube အကောင့်မှာ T.O.P ရဲ့နာမည်ရှိနေသေးတဲ့အတွက်ကြောင့်ရော T.O.P ရဲ့အင်စတာဂရမ်ပရိုဖိုင်မှာ “T.O.P Choi Seung Hyun” ဆိုတဲ့ ဖော်ပြချက်ပါဝင်နေတာကြောင့်ပါ အခုလို ထင်ကြေးပေးမှုတွေ ဖြစ်ပေါ်လာခဲ့ပုံရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ ဒီကောလဟာလသတင်းနဲ့ပတ်သက်ပြီး T.O.P ရဲ့ကိုယ်စားလှယ်က “T.O.P နာမည်ဟာ အစကတည်းက Choi Seung Hyunရဲ့ပရိုဖိုင်မှာ အမြဲ ရှိနေခဲ့တာပါ။ Squid Game 2 အင်တာဗျူးမှာ သူ ပြောခဲ့သလိုပဲ အဖွဲ့ဝင်တွေကို အားနာစိတ်ဖြစ်သလို ခံစားရပြီး BIGBANG နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေမရှိထားပါဘူး”လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
BIGBANG ရဲ့ YouTube အကောင့်ကို ကိုင်ထားတဲ့ YG Entertainment ကလည်း မေးခွန်းထုတ်နေကြတဲ့ YouTube ပရိုင်ဖိုင်က Still Life သီချင်းထွက်ရှိကတည်းက မပြောင်းလဲရသေးတာပါ”လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီသီချင်းထွက်ရှိချိန်က YG ဟာ G-Dragon၊ Taeyang၊ T.O.P နဲ့ Daesung တို့ရဲ့နာမည်တွေကို သီချင်းသီဆိုသူတွေအဖြစ် ဖော်ပြထားခဲ့တာပါ။
BIGBANG အဖွဲ့ဟာ အစက အဖွဲ့ဝင် ၅ ဦးရှိခဲ့တာပါ။ နောက်ပိုင်းမှာ အဖွဲ့ဝင် T.O.P နဲ့ Seungri တို့ ၂ ဦးဟာ အဖွဲ့ထဲက ထွက်သွားခဲ့တာပါ။
Ref: T.O.P Denies Rumors Speculating His Return To BIGBANG
WL (ရိုးရာလေး)