တက္ကသိုလ်ကျောင်းသား/သူအဖွဲ့ရဲ့ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာပေါ် စေလွှတ်တော့မယ်

5.4.2023-yyl-iamge-1.jpg

တက္ကသိုလ်ကျောင်းသား/သူ အဖွဲ့က ပထမဆုံး ပုဂ္ဂလိကပိုင် လပေါ်ဆင်းသက်ယာဉ်ကို လကမ္ဘာရဲ့ မျက်နှာပြင်ပေါ် စေလွှတ်တော့မှာပါ။ Iris လို့ အမည်ရတဲ့ လပေါ်ဆင်းသက်ယာဉ်ကို ကာနက်ဂျီမယ်လွန်တက္ကသိုလ်ရဲ့ ပစ်ဘာ့ဂ်ကျောင်းဝန်းထဲမှာ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး Vulcan Centaur ဒုံးပျံနဲ့အတူ လကမ္ဘာပေါ် လွှတ်တင်မှာဖြစ်ပါတယ်။

လပေါ်ဆင်းသက်ယာဉ်ရဲ့ ထိန်းချုပ်ရေးစင်တာမှာတော့ ကျောင်းသား/သူတွေက အဖွဲ့လိုက်၊ အချိန်အပိုင်းအခြားအလိုက် စောင့်ကြည့်ကာ လုပ်ဆောင်ချက်တွေကို ညွှန်ကြားပေးမှာပါ။ အဲဒီစီမံကိန်းအရ လပေါ်ဆင်းသက်ယာဉ်ရဲ့ လကမ္ဘာပေါ်မှာ နာရီ ၆၀ ကြာမြင့်မှာ ဖြစ်ပါတယ်။

Star Wars ဇာတ်ကားထဲကအတိုင်း မေလ ၄ ရက်နေ့မှာ လပေါ်ဆင်းသက်ရေးယာဉ်ကို လကမ္ဘာရဲ့မျက်နှာပြင်ပေါ် လွှတ်တင်မှာပါ။

Ref: College Kids Prepare to Send the First Private Lunar Rover to the Moon

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top