တာလီဘန်အစိုးရက အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ်ကားကို မိတ်ဆက်ပြသ

17-1-2023-yyl-136.jpg

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ်ကားက Mada9 လို့ အမည်ရပါတယ်။ ENTOP ကုမ္ပဏီနဲ့ ကဘူးလ်မြို့နည်းပညာသက်မွေးသိပ္ပံရဲ့ အင်ဂျင်နီယာ ၃၀ ထက်မနည်း ပါဝင်တဲ့အဖွဲ့က ၅ နှစ်ကျော် အချိန်ယူ တည်ဆောက်ခဲ့တာပါ။ Mada 9 ကားက အဆင့်မြင့်ကားတစ်စီးရဲ့ ပုံပန်းသွင်ပြင်မျိုးရှိပေမဲ့ 2000 Toyota Corolla ကားအင်ဂျင်ကိုပဲ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Mada 9 ကားရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံနှံ့နေပေမဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခြင်း မရှိသလို ကားအတွင်းပိုင်းဓာတ်ပုံတွေလည်း မမြင်ရသေးပါဘူး။ အင်ဂျင်ကို ဘယ်နေရာမှာ တပ်ဆင်ထားသလဲဆိုတာတောင် မသိရသေးပါဘူး။

Mada 9 ကားရဲ့ ဒီဇိုင်နာဖြစ်တဲ့ ENTOP ကုမ္ပဏီ စီအီးအို အာမတ်ဒီကတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ်ကားကို နိုင်ငံတကာအထိ တင်ပို့ရောင်းချဖို့ ရည်မှန်းနေပါတယ်။ Mada9 ကားကို ဝယ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ရှိနေပေမဲ့ လောလောဆယ်တော့ ထုတ်လုပ်ရောင်းချမှာ မဟုတ်သေးဘူးလို့ အာမတ်ဒီက ဆိုပါတယ်။

Ref: Taliban Unveil Afghanistan’s First Ever Supercar, the Mada 9

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top