Eras Tour themed Halloween ဝတ်စုံဝတ်ဆင်ခဲ့ပြီးနောက် လူမှုကွန်ယက်နာမည်ကြီးသွားခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးဟာ အင်ဒီယားနားပိုလီးစ်မြို့မှာ ဖျော်ဖြေတဲ့ တေလာဆွစ်ဖ်ရဲ့ရှိုးပွဲကို သွားကြည့်ခွင့်ရခဲ့သလို နောက်ထပ် Surprise တစ်ခုလည်း ရရှိခဲ့ပါတယ်။
တေလာဆွစ်ဖ်ရဲ့မိခင် အန်ဒရီယာ ဆွစ်ဖ်က နိုဝင်ဘာ ၁ ရက်နေ့ရှိုးပွဲအလယ်မှာ ထိုင်နေတဲ့ ဟင်နရီ ဟင်ဆန်ဆိုတဲ့ အဲ့ဒီကောင်လေးဆီ လာပြီးတော့ Surprise လုပ်ခဲ့တာပါ။ အန်ဒရီယာက ဟင်နရီကို တွေ့ဆုံးတဲ့အချိန်မှာ တေလာက ဟင်နရီအကြောင်း တွေးနေတယ်လို့ ပြောခဲ့တာပါ။ အန်ဒရီက ဟင်နရီဆီ လာပြီး နှုတ်ဆက်ဖို့ရည်ရွယ်ပြီး အရောက်လာခဲ့တာက အထူးအခိုက်အတန့်ဖြစ်တယ်လို့ ဟင်နရီရဲ့မိခင်က ဆိုထားပါတယ်။

ဟင်နရီက အန်ဒရီယာနဲ့အတူ Friendship လက်ကောက် ဝတ်ဆင်ခဲ့ကြပါသေးတယ်။ ဟင်နရီဟာ Halloween အတွက် တေလာဆွစ်ရဲ့နောက်ခံအကသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ကာမရွန် ဆန်ဒါစ်ရဲ့ဝတ်စုံကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပြီးတဲ့နောက် TikTok မှာ လူသိများသွားခဲ့တာပါ။
Taylor Swift:The Eras Tour ရဲ့ Disney+ ဗာရှင်းမှာ ကာမရွန်ဖျော်ဖြေတာကို မြင်တွေ့ပြီးနောက် ကာမရွန်လို ဝတ်ဆင်ဖို့ စိတ်ကူးမိခဲ့တာပါ။ သူ့မိခင်က အောက်တိုဘာ ၁၈ ရက်နေ့မှာ TikTok ပေါ်တင်ခဲ့ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ ကြည့်ရှုသူ ၄ သန်းနီးပါးရှိသွားခဲ့ပါတယ်။

အဲ့ဗီဒီယိုတင်ခဲ့ပြီး ၂ ရက်အကြာမှာ တေလာဆွစ်ဖ်ရဲ့အဖွဲ့က သူ့ကို ရှိုးပွဲတွေထဲက တစ်ခုရဲ့လက်မှတ်တွေပေးခဲ့တယ်ဆိုတာကို ဟင်နရီရဲ့အမေက မျှဝေလာခဲ့ပါတာဖြစ်ပါတယ်။
Ref: Taylor Swift’s mom Andrea Swift surprises boy at Eras Tour show after his Halloween costume goes viral
WL (ရိုးရာလေး)