အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံလို့ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူ၂သန်းကျော် ရေဘေးဒဏ် ခံစားနေရ

16-7-2020-yyl-005.jpg

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး လူ ၂သန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။ ဝန်ကြီးတစ်ပါးက ဗွက်ထဲဆင်းပြီး ကလေး ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို လှေပေါ်တင်ပေးနေတဲ့ ရုပ်သံမှတ်တမ်းက ရေဘေးဒဏ်ခံစားနေရသူတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။ ကျေးရွာထောင်နဲ့ချီ ရေဖုံးလွှမ်းခဲ့ပြီး နေရပ်စွန့်ခွာရသူတွေ ခိုလှုံနိုင်ဖို့အတွက် ကယ်ဆယ်ရေးစခန်း ရာနဲ့ချီ ဖွင့်လှစ်ထားရပါတယ်။

အာသံပြည်နယ်မှာ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်းလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေတုန်း အခုလို အခြေအနေမျိုး ကြုံရတာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့က အာသံပြည်နယ်ရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်တဲ့ ကာဇီရန်ဂါအမျိုးသားဥယျာဉ် ရေဖုံးလွှမ်းခဲ့ပြီး အနည်းဆုံး သားရဲတိရစ္ဆာန် ၅၁ ကောင် သေဆုံးခဲ့ပါတယ်။ အမျိုးသားဥယျာဉ်အရာရှိတွေက တိရစ္ဆာန် ၁၀၂ ကောင်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ ကျားတွေနဲ့ ကြံ့တချို့ကတော့ ရေဘေးကနေ တိမ်းရှောင်ရင်း ရွာနီးစပ်ချုပ်ကို ရောက်သွားကြတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း အခုလိုအချိန်မျိုးမှာ ရေဘေးသင့်ခဲ့လို့ အာသံနဲ့ ဘီဟာပြည်နယ်တွေမှာ လူ ၁၀၀ လောက် သေဆုံးခဲ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top