ဂျပန်လူမျိုးပန်းချီပညာရှင် တာဆုအို ဟိုရီအူချီဆိုသူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဒီဂျစ်တယ်ပန်းချီလက်ရာတွေကို ဖန်တီးနေခဲ့တာပါ။ ဒါပေမဲ့ တောင်တန်းပုံတွေ၊ ချယ်ရီပန်းပွင့်နေတဲ့ပုံနဲ့ တောတောင်ပုံတွေ အပါအဝင် သူ့ရဲ့လက်ရာတွေကို ပန်းချီပညာရှင်တွေတော်တော်များများအသုံးပြုပြီး ရေးဆွဲကြတဲ့ ဆော့ဖ်ဝဲနဲ့ ရေးဆွဲခဲ့တာတော့မဟုတ်ပါဘူး။ သူက သူ့ရဲပန်းချီကားတွေကို Microsoft Excel နဲ့ ဖန်တီးခဲ့တာပါ။




အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ တာဆုအိုက ပန်းချီရေးဆွဲတဲ့ပစ္စည်းတွေအတွက် ငွေမသုံးချင်သလို ရှုပ်ထွေးတဲ့ဆော့ဖ်ဝဲတွေကိုလည်း အသုံးပြုဖို့ ဆန္ဒမရှိခဲ့တဲ့အတွက် သူ့ရဲ့PC နဲ့ Microsoft Excel မှာ လုပ်ဆောင်ချက်များစွာရှိပြီး အသုံးပြုရပိုလွယ်ကူတဲ့ Microsoft Paint ကို ရွေးချယ်ခဲ့တာပါ။ Microsoft မှာ ရနိုင်တဲ့ ရိုးရှင်းတဲ့ ပုံဆွဲကိရိယာတွေနဲ့ သူက ဂျပန်ကျေးလက်ဒေသဘဝမြင်ကွင်းတွေကို ရေးဆွဲခဲ့ပါတယ်။





သူက ၂၀၀၀ ခုနှစ်မှာ အင်ဂျင်နီယာတစ်ယောက်အဖြစ် အငြိမ်းစားယူပြီးတဲ့နောက် သူ့ကို အလုပ်များနေစေမယ့် နည်းလမ်းတွေကို စစဉ်းစားဖြစ်ခဲ့ပါတယ်။ အလုပ်ရဖို့အတွက် ကုမ္ပဏီတော်တော်များများကို သွားတော့လည်း အဘိုးအတွက် အလုပ်မရှိဘူးလို့ပဲ အပြောခံခဲ့ရပါတယ်။ အစည်းအဝေးတစ်ခုမှာ သူ မြင်ခဲ့တဲ့ ရောင်စုံ document တစ်ခုကို သတိရမိခဲ့ပြီး သူ့ကို ပန်းချီလက်ရာတွေကို စမ်းဆွဲကြည့်ဖို့ ဖြစ်လာစေခဲ့ပါတယ်။
ဒါပေမဲ့ သူ့မှာ အရင်က အတွေ့အကြုံမရှိတာကြောင့် သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ “ဒီလောက်မြန်မြန်တိုးတက်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါကြောင့် ၁၀နှစ် စီမံကိန်းတစ်ခု လုပ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။ သူက Excel မှာ မုန်လာဥနီ၊ မုန်လာဥဖြူ၊ တောမြက်ပင်တွေလို ရိုးရှင်းတဲ့အရာတွေကို ရေးဆွဲခြင်းဖြင့် သူ့ရဲ့အရည်အချင်းတိုးတက်အောင် အချိန် (၃) နှစ်ကို ပေးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူဟာ ဒီဇိုင်းပုံစံနဲ့ရုပ်ပုံတွေကို ပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်အဖြစ် ဖန်တီးရေးဆွဲနိုင်ခဲ့ပါတယ်။
တာဆုအိုရဲ့လက်ရာတွေကို Pasokonga မှာ ကြည့်ရှုလို့ရပါတယ်။
Ref: 82-year-old man makes the most amazing artwork using just Microsoft Excel
WL (ရိုးရာလေး)