မီးဖိုချောင်သန့်ရှင်းရတာက လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အထူးသဖြင့် အလုပ်အရမ်းရှုပ်တဲ့အခါ၊ ကလေးဝေယျာဝစ္စလုပ်နေတဲ့အခါမျိုးတွေမှာပါ။ မီးဖိုချောင်သန့်ရှင်းရေးလုပ်ဖို့ အချိန်မရဘူးဆိုရင် အချိန်ကုန်သက်သာစွာနဲ့ လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။
မိုက်ခရိုဝေ့ကို သန့်ရှင်းဖို့ဆိုရင် ရေထဲသံပုရာသီးထည့်ပြီး ပြုတ်ပေးပါ
ဘယ်လိုလုပ်မလဲ
– ရေဇလုံထဲကို သံပုရာသီးထည့်လိုက်ပါ။
– အဲဒီရေဇလုံကို မိုင်ခရိုဝေ့ထဲထည့်ပြီး မီးအားပြင်းပြင်းနဲ့ (၅) မိနစ်လောက် ပြုတ်လိုက်ပါ။
– (၅) မိနစ်ပြည့်သွားရင် (၁၅) မိနစ်လောက်ဒီအတိုင်းထားလိုက်ပါ။ သံပုရာသီးပြုတ်လို့ထွက်တဲ့ ရေနွေးငွေ့ဟာ မိုက်ခရိုဝေ့ကို သန့်ရှင်းတဲ့အခါ ထိရောက်မှုရှိပါတယ်။ မိုက်ခရိုဝေ့မှာ ရေနွေးငွေ့ရှိနေပြီဆိုရင် အဝတ်စနဲ့ အညစ်အကြေးတွေကို အလွယ်တကူသုတ်ပေးလိုက်ရုံပါပဲ။
မီးဖိုချောင်ထဲက အနံ့အသက်တွေကိုဖယ်ရှားဖို့ဆိုရင် လိမ္မောသီးစိပ်၊ ဟင်းခတ်အမွေးအကြိုင်တွေကို ပြုတ်ပေးပါ
ဘယ်လိုလုပ်မလဲ
– လိမ္မော်သီးကို စိပ်ပြီး ဒယ်အိုးထဲကို ထည့်လိုက်ပါ
– အဲဒီဒယ်အိုးကို မီးဖိုပေါ်တင်ပြီး မိမိကြိုက်နှစ်သက်တဲ့ဟင်းခတ်အမွေးအကြိုင်ကို ထည့်ပေးပါ။ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်၊ လေးညှင်းပွင့်တို့ကတော့ အထိရောက်ဆုံးပါပဲ။
– အဲဒီနောက် ဒါတွေကို ပြုတ်လိုက်ပါ။ (၅) မိနစ်အကြာမှာ အနံ့ထွက်လာပြီး မီးဖိုခန်းက အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ဒီအရောအနှောကို တစ်ကြိမ်ထက်ပိုပြီး အသုံးပြုလို့ရပါတယ်။
သစ်သားစားပွဲတွေကို အရောင်တင်ဖို့ဆိုရင် သံပုရာအဆီနဲ့ ရှာလကာရည်တို့ကို အသုံးပြုပေးပါ
ဘယ်လိုလုပ်မလဲ
– စပရေးဗူးထဲကို သံပုရာအဆီတစ်ဝက်နဲ့ ရှာလကာရည်တစ်ဝက်တို့ကိုရောထည့်လိုက်ပါ။
– စားပွဲခုံပေါ် ဒီအရည်ကို ဖြန်းလိုက်ပြီး တဘက်နဲ့ သုတ်လိုက်ပါ။ သစ်သားစားပွဲအရောင်တောက်လာတာကို တွေ့ရပါလိမ့်မယ်။
ခြစ်တဲ့ဂျစ်ကို သံပုရာသီးနဲ့ သန့်ရှင်းပါ
ဘယ်လိုလုပ်မလဲ
– သံပုရာသီးကို တစ်ဝက်ခြမ်းလိုက်ပြီး ခြစ်တဲ့ဂျစ်မှာ သံပုရာခြမ်းနဲ့ ပွတ်တိုက်ပေးပါ။
– ပွတ်ပြီးသွားရင် ရေနွေးနွေးလေးနဲ့ ခြစ်ကို သန့်စင်ဆေးကြောလိုက်ရုံပါပဲ။
မုန့်ဖုတ်စက်က ဖိတ်စင်နေတဲ့အညစ်အကြေးတွေကို ဆားနဲ့ ဖယ်ရှားပါ
ဘယ်လိုလုပ်မလဲ
– မုန့်ဖုတ်ပြီးတဲ့အခါ စက်ပူနေတုန်းမှာ ဖိတ်ကျထားတဲ့အညစ်ကြေးတွေပေါ်ကို ဆားဖြူးလိုက်ပါ။
– အဲဒီနောက် မိနစ်အနည်းငယ်လောက်စောင့်ပါ။ ဆားက ပြာအဖြစ်ပြောင်းလဲသွားတဲ့အခါ အဝတ်စနဲ့သုတ်ပေးလိုက်ပါ။
ဒယ်အိုးက အစွန်းအထင်းတွေကို ဖယ်ရှားဖို့ဆိုရင် အလူမီနီယံပြားနဲ့ပန်းသီးအရက်ရှာလကာရည်တို့ကို သုံးပါ
ဘယ်လိုလုပ်မလဲ
– ဒယ်အိုးထဲကို ပန်းသီးအရက်ရှာလကာရည်အနည်းငယ်ထည့်ပြီး အလူမီနီယံပြားနဲ့ပွတ်တိုက်ပေးပါ။
– စက္ကန့်အနည်းငယ်လောက် ပွတ်တိုက်ပြီးတဲ့နောက်မှာ အနက်ရောင်အဖြစ်ပြောင်းလဲတာကို တွေ့ရပါလိမ့်မယ်။ ဒါက ဓာတုပစ္စည်းကြောင့်ဖြစ်တဲ့အတွက် ကိစ္စမရှိပါဘူး။ အဲဒီနောက်မှာ ရေ၊ ဆပ်ပြာတို့နဲ့ သန့်စင်ဆေးကြောလိုက်ရုံပါပဲ။
Ref: Tips That Can Help You Clean Your Kitchen in Less Than 10 Minutes
WL (ရိုးရာလေး)