စာသင်ကျောင်းတစ်ကျောင်းတည်းမှာ နှစ်ပေါင်း ၆၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမတစ်ဦးဟာ ဂင်းနက်စ်မှတ်တမ်းမှာ ထည့်သွင်းဂုဏ်ပြုခံခဲ့ရပါတယ်။ တင်နက်ဆီပြည်နယ် ဝက်စ်မိုးလန်းအထက်တန်းကျောင်းမှ ကျောင်းဆရာမ ဂလင်ဒါအကင်ဟာ ၆၁ နှစ်နဲ့ ၄၃ ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပြီး စာသင်ကျောင်းတစ်ကျောင်းတည်းမှာ အချိန်အကြာဆုံး တာဝန်ထမ်းဆောင်တဲ့ ကျောင်းဆရာမအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။

ဂလင်ဒါအကင်ဟာ ဝက်စ်မိုးလန်း အထက်တန်းကျောင်းမှာ ကျောင်းဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူခဲ့တာပါ။ လက်ရှိအချိန်မှာတော့ သူ့အသက်က ၈၄ နှစ် ရှိနေပါပြီ။ ဂလင်ဒါအကင်ဟာ သူ့တပည့်တွေ ကျောင်းမှာ ဆရာပြန်ဖြစ်ပြီး အငြိမ်းစား ယူသွားတဲ့အထိ တာဝန်ထမ်းဆောင်နိုင်ခဲ့သူပါ။
Ref: Teacher Sets World Record After 61 Years At The Same School
NZ (ရိုးရာလေး)

