မွေးဖွားပေးရတဲ့ ကလေးတိုင်းအတွက် ချစ်စရာ ခြုံစောင်လေးတွေ ချုပ်ပေးတဲ့ ဆရာဝန်

1-Copy2.jpg

ဒေါက်တာ အီရစ်က် ဘော့စ်ထရွန် (Erik Bostrom) က တခြား ဆရာဝန်တွေထက် ပိုထူးခြားနေတဲ့ ဆရာဝန်တစ်ယောက် တာ့မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သူမွေးပေးလိုက်ရတဲ့ ကလေးပေါက်စလေးတွေအတွက် ထူးထူးခြားခြားတစ်ခုတော့ ဖန်တီးပေးလေ့ ရှိပါတယ်။ အဲဒါကတော့ အဲဒီ ကလေးငယ်တိုင်းအတွက် ချစ်စရာ ခြုံစောင်လေးတွေကို ကိုယ်တိုင်ချုပ်ပြီး လက်ဆောင်ပေးတတ်တာပါ။

မင်နေဆိုတာ ( Mennesota) မှာရှိတဲ့ ရေးဗားဟုဒ် (Riverhood) ကျန်းမာရေးစင်တာကို ပြောင်းလာတာ သိပ်မကြာသေးတဲ့ ဒေါက်တာ ဘော့စ်ထရွန်က ဒီလိုစောင်လေးတွေကို ဘယ်လိုချုပ်ရမယ်ဆိုတာကို အရင်ကတော့ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကြိုးစားလေ့လာပြီး ချစ်စရာစောင်လေးတွေရအောင် သူကဖန်တီးပေးတာဖြစ်ပါတယ်။ စောင်လေးတွေမှာ ကလေးတွေရဲ့ နာမည်ကိုလည်းထိုးပေးထားပါသေးတယ်။

“ကျွန်မ မီးဖွားပြီး နှစ်ပတ်အကြာလောက်မှာ ကျွန်မအခန်းကို သူရောက်လာပြီး ကျွန်တော့်မှာ ပေးစရာတစ်ခုပါလာတယ် လို့ပြောရင်း အရမ်းလှတဲ့ ပန်းရောင်စောင်လေးကို ထုတ်ပေးခဲ့တာလေ” လို့ ကလေးအတွက် ခြုံစောင်လက်ဆောင်ရသူတွေထဲက တစ်ဦးဖြစ်တဲ့ လက်ဆေဟိုင်တာလာတီ (Lacie Hietalati) က ပြောပြပါတယ်။

ဒေါက်တာ ဘော့စ်ထရွန်က ကလေးမွေးပေးရတဲ့ကိစ္စတွေနဲ့ အမြဲလိုလို မအားဖြစ်နေတတ်ပေမဲ့လည်း အချိန်ရအောင် ရှာကြံယူပြီး ဒီစောင်လေးတွေကို ကလေးငယ်တိုင်းအတွက် ဖန်တီးပေးနေတာဖြစ်ပါတယ်။ ကလေးလေးတွေကို လူ့လောကထဲ ဘေးမသီ ရန်မခ ရောက်လာနိုင်အောင် ခေါ်ဆောင်ပေးတဲ့အပြင် နွေးထွေးပြီး သက်တောင့်သက်သာရှိနေစေဖို့ကိုလည်း ဖန်တီးပေးတတ်တဲ့ ဒေါက်တာ ဘော့စ်ထရွန်ရဲ့ လုပ်ရပ်က လေးစား ချစ်ခင်စရာကောင်းလှပါတယ်။

Ref: Reddit “Doctor sews blankets for all the babies he delivers”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top