အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဆင်အမြွှာပူး မွေးဖွား

18-11-2022yyl02.jpg

အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဆင်အမြွှာပူးမွေးခဲ့ပါတယ်။ နယူးယော့ခ်တိရစ္ဆာန်ရုံမှာရှိတဲ့ အာရှမျိုးစိတ် ဆင်မကြီးက အောက်တိုဘာလ ၂၄ ရက်မှာ ဆင်အထီးလေး နှစ်ကောင် မွေးခဲ့တာပါ။ ဆင်အမြွှာပူး မွေးဖွားမှုနှုန်းဟာ ၁ ရာခိုင်နှုန်းထက် နည်းသလို အမြွှာပူး မွေးလာခဲ့ရင်လည်း အသေမွေးတာ၊ အသက်မရှင်နိုင်တာ များတယ်လို့ နယူးယော့ခ်တိရစ္ဆာန်ရုံက ဆိုပါတယ်။ အမြွှာပူးမွေးတဲ့အခါမှာ မကြာခဏအားဖြင့် မိခင်ဆင်မကြီးပါ သေဆုံးတတ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နယူးယော့ခ်တိရစ္ဆာန်ရုံက ဆင်မကြီး မာလီကတော့ အမြွှာပူး မွေးဖွားပြီးနောက် ကျန်းကျန်းမာမာ ရှိနေသလို သားပေါက်လေး ၂ ကောင်လုံးလည်း ကျန်းမာရေးကောင်းပါတယ်။ အမြွှာပူး ၂ ကောင်ထဲမှာ အငယ်ကောင်လေးက အားနည်းဖျော့တော့ပုံ ပေါက်ပေမဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စောင့်ရှောက်မှုကြောင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာခဲ့တာပါ။

Ref: New York zoo hosts first successful elephant twin birth in U.S.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top