မကြာသေးခင်ကမှ ကုမ္ပဏီတစ်ခုက သူတို့ရဲ့ပထမဆုံးအင်းဆက်ပိုးမွှားတွေဖက်ရှားတဲ့ကိရိယာကို သရုပ်ပြခဲ့ပါတယ်။ အဲ့ဒီကိရိယာက အာထရာဆောင်းအာရုံခံကိရိယာနဲ့ AI စွမ်းအင်သုံးဆော့ဖ်ဝဲကို အသုံးပြုပြီး လေထဲမှာတင် ခြင်တွေကို ခြေရာခံနိုင်၊ သတ်နိုင်တဲ့ သေးငယ်သော ဒရုန်းဖြစ်ပါတယ်။
အဲဒီဒရုန်းလေးတွေက စမ်းသပ်ပျံသန်းမှုအတွင်း ပိုးဖလံတစ်ကောင်ကို သုတ်သင်နိုင်ခဲ့တယ်ပြီးတော့ အောင်မြင်မှုရခဲ့တယ်လို့ Tornyol ကုမ္ပဏီက အင်ဂျင်နီယာတွေက ပြောပါတယ်။ ရောဂါပိုးတွေသယ်ဆောင်တဲ့ခြင်တွေကို ခြေရာခံသုတ်သင်ဖို့ရည်ရွယ်ပြီးတော့ ဒီဒရုန်းလေးတွေကို တီထွင်ဖန်တီးခဲ့တာပါ။
တစ်နေ့ကျ ခြင်တွေကို ထိန်းချုပ်ဖို့ နဲ့ နှိမ်နင်းရေးကုန်ကျစရိတ်ကို အဆ ၁၀၀ လျှော့ချဖို့ အသုံးပြုနိုင်တဲ့ သေးငယ်တဲ့ ဒရုန်းတွေကို တီထွင်နေတယ်လို့ ပြောပါတယ်။ Tornyol ကုမ္ပဏီက စမတ်မိုက်ခရိုးဖုန်းတွေ၊ ကားပါကင်စနစ်တွေမှာ ပါဝင်တဲ့ Ultrasonic sensor နှင့် အင်းဆက်ပိုးမွှားတွေကို ခြေရာခံတဲ့ Custom Software တွေကို အသုံးပြုတဲ့ ၄၀ဂရမ် ဒရုန်းတွေကို ဖန်တီးတည်ဆောက်နေပါတယ်။
ဒရုန်းတွေဟာ တစ်စတုန်ရန်းကီလိုမီတာက ခြင်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒါကိုတော့ သေသေချာချာမစမ်းသပ်ရသေးပါဘူး။ ဇူလိုင် ၁၄ ရက်နေ့က စမ်းသပ်မှုအတွင်း ဒရုန်းက စမ်းသပ်နေရာတစ်ခုအတွင်း ပျံနေတဲ့ပိုးဖလံတစ်ကောင်ကို လိုက်ပြီး ရိုက်နေတာကို ပုံမှာတွေ့ရပါတယ်။ စမ်းသပ်မှုက ဒရုန်းရဲ့ နောက်ဆုံးonboard hardware ကို အသုံးမပြုခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။ နောက်ဆုံးဗာရှင်းကို ultrasonic လှိုင်းတွေ ပေးပို့ဖို့နဲ့ မိုက်ခရိုဖုန်းအမျိုးမျိုးဖြင့် ပဲ့တင်သံတွေကို နားထောင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
Ref: Engineers Create Tiny Drone That Hunts And Kills Mosquitoes Mid-Air
WL ( ရိုးရာလေး)

