အစာ မစားဘဲ တစ်လတိတိ ဘီယာချည်း သောက်ခဲ့တဲ့ ထိုင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရာယွန်ပြည်နယ် ဘန်ချန်းခရိုင်မှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသား နမ်ဝုန်ဆာဟာ အိမ်ထောင်ကွဲနေသူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် သားဖြစ်သူနဲ့ အတူနေထိုင်သူပါ။
သားဖြစ်သူဟာ ကျောင်းက ပြန်လာတိုင်း စားစရာတစ်ခုခု ချက်ပြုတ်ပေးလေ့ရှိပေမဲ့ နမ်ဝုန်ဆာကတော့ ဘာမှမစားဘဲ ဘီယာကိုပဲ သောက်နေလေ့ ရှိပါတယ်။ သူ့ရဲ့ အိပ်ယာဘေးမှာ ဘီယာပုလင်းခွံ ၁၀၀ ကျော်ကို ညီညီညာညာ စီထားတာ တွေ့ရပါတယ်။
အခင်းဖြစ်တဲ့နေ့မှာတော့ ကျောင်းက ပြန်လာတဲ့ သားဖြစ်သူက နမ်ဝုန်ဆာ တက်နေတာကို တွေ့လိုက်ရလို့ အရေးပေါ်ဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ Siam Rayong ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်သားတွေ ရောက်လာချိန်မှာတော့ နမ်ဝုန်ဆာ အသက်မရှိတော့ပါဘူး။

ဘီယာဟာ ကယ်လိုရီ ပါဝင်မှုများပေမဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်တာကြောင့် အစာ မစားဘဲ ဘီယာပဲ သောက်မယ်ဆိုရင် အာဟာရချို့တဲ့မှု၊ အသည်းပျက်စီးမှု အစရှိတဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရမယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
Ref: Thai Man Dies After Surviving on Beer Alone for Over a Month
NZ ( ရိုးရာလေး)

