သခင်ပြန်အလာကို ဆေးရုံအပြင်ဘက်မှာ စောင့်နေခဲ့တဲ့ ခွေးလေး

dog2.jpg

အသက် (၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုတို (Toto) ဆိုတဲ့ခွေးလေးဟာ သူ့သခင်သေဆုံးသွားတာကို မသိဘဲ အာဂျင်တီးနားနိုင်ငံက ပါဘလို ဆိုရီးယား (Pablo Soria) ဆေးရုံတံခါးပေါက်ရှေ့မှာ စောင့်ဆိုင်းနေခဲ့ပါတယ်။

ပြည်တွင်းမီဒီယာတွေက တိုတိုဟာ သူရဲ့သခင်နဲ့အတူ နေထိုင်တာဖြစ်ပြီး သူရဲ့သခင် ဆေးရုံတတ်တဲ့အချိန်မှာ ခွေးလေးကို နောက်ဆုံး နှုတ်ဆက်စကားပြောနိုင်ဖို့ ဆေးရုံကို ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအမျိုးသားရဲ့ဆွေမျိုးတွေက တိုတိုကို ပြန်ခေါ်သွားဖို့ မေ့ခဲ့ပြီး ခွေးလေးဟာ သူရဲ့သခင်ကို စောင့်ဆိုင်းရင် ဆေးရုံရှေ့မှာ ကျန်နေခဲ့ပါတယ်။ ပြည်တွင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဖက်တီမာ ရော့ရီဂူဇ် (Fatima Rodriguez)က တိုတိုအတွက် ပိုင်ရှင်အသစ်ရှာနေပြီး သူရဲ့သခင်ကို စောင့်ဖို့ ဆေးရုံကို ပြန်သွားနိုင်တာကြောင့် သူ့ကို မွေးမဲ့သူက တံခါးကို ပိတ်ထားသင့်ကြောင်း ဆိုပါတယ်။

တိုတိုဟာ ဆေးကုသမှုခံယူခဲ့ရပြီး သူရဲ့ခြေဖဝါးကို ခွဲစိတ်ကုသမှု ပြုလုပ်ဖို့လည်း လိုအပ်နေပါတယ်။ သူဟာ အရမ်းလိမ္မာပြီး ပွတ်သပ်ပေးတဲ့သူတိုင်းကို ပျူပျူငှာငှာပဲ ကြိုဆိုတတ်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။ သူ့ကို စောင့်ရှောက်ပေးနေတဲ့ ဒေသခံတစ်ဦးကလည်း “တိုတိုဟာ သူရဲ့သခင် သူ့ကို အိမ်ပြန်ခေါ်သွားမယ်လို့ ထင်နေတဲ့ပုံပါပဲ” လို့ ပြောခဲ့ပါတယ်။ ခွေးလေးရဲ့ သခင်က ဘာကြောင့် သေသွားလည်းဆိုတာ မသိရှိရပါဘူး။

တိုတိုဟာ လက်ဗရာဒေါ (Labrador) ခွေးအမျိုးအစားဖြစ်ပြီး လက်ဗရာဒေါခွေးတွေက သစ္စာတရားကြီးသလို လူသားတွေအတွက် အကောင်းဆုံးသူငယ်ချင်းတွေလို့လည်း သိကြပါတယ်။

Ref: Loyal dog waits outside hospital for over a week waiting for its owner to return… unaware he has died
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top