ဧက ၂၃,၀၀၀ ကျော်အထိ ကြီးထွားလာတဲ့ ကော်လိုရာဒိုတောမီး

10-8-2020-yyl-042.jpg

ကော်လိုရာဒိုပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးက ၂၃၈၈၂ ဧကအထိ ကြီးထွားလာပြီး အခုအချိန်အထိ မီးထိန်းနိုင်ခြင်းမရှိသေးလို့ ဒေသခံတွေကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။ ဇူလိုင်လ ၃၁ ရက်က မိုးကြိုးပစ်ရာကနေ မီးလောင်ခဲ့ပြီး ပတ်ဝန်းကျင် ခြောက်သွေ့နေတာ၊ လေပြင်းတိုက်တာ၊ စိုထိုင်းဆနည်းတာ စတဲ့ အခြေအနေတွေကြောင့် တောမီးကူးစက်ပျံ့နှံ့လာခဲ့တာပါ။

တောမီးလောင်တဲ့နေရာကလည်း ဝေးလံခေါင်သီပြီး မတ်စောက်တဲ့ တောင်ကုန်းတွေရှိနေလို့ မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ အခက်တွေ့နေကြပါတယ်။ Pine Gulch တောမီးကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်သတိပေးချက်လည်း ထုတ်ပြန်ထားရပါတယ်။

Ref: Denverpost “Pine Gulch fire update: Residents ordered to be ready to evacuate as wildfire grows”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top