၂ နှစ်အရွယ် သမီးငယ်ကို ရိုက်သတ်ပြီး အလောင်းဖျောက်မှုနဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံထားရ

26.9.23-yyl-5.jpg

၂ နှစ်အရွယ် သမီးငယ်နဲ့ လူမမယ်သားငယ်နှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားပါတယ်။ ဆောင်ဆတ်က စိတ်ကျန်းမာရေးပြဿနာ ရှိပေမဲ့ အိမ်ထောင် ၄ ဆက်ရှိသူပါ။

အသက် ၁၂ နှစ်နဲ့ ၄ နှစ်အရွယ် သမီးနှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘန်ကောက်မြို့ ဘန်ခန်းခရိုင်မှာ နေထိုင်သူတွေက အခုလအစောပိုင်းမှာ ဆောင်ဆတ်ကို ရဲစခန်းမှာ သွားတိုင်ခဲ့ကြတာပါ။ ဆောင်ဆတ်တို့ လင်မယား အိမ်မှာမရှိတဲ့အချိန် ရဲတပ်ဖွဲ့က မိန်းကလေးနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ၂ နှစ်အရွယ် ညီမငယ်ကို မိဘနှစ်ပါးက ရိုက်သတ်ပြီး လူမသိအောင် မြှုပ်နှံခဲ့တယ်လို့ မိန်းကလေးနှစ်ယောက်က ထွက်ဆိုခဲ့ပါတယ်။

မိန်းကလေးနှစ်ယောက်ရဲ့ ထွက်ဆိုချက်အရ ဆောင်ဆတ်ရဲ့အိမ်ကို စီးနင်းပြီး မီးဖိုချောင်ကြမ်းပြင်အောက် ရှာဖွေရာမှာ နှစ်နှစ်အရွယ် မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တာပါ။ အဲဒီအတွက် ဆောင်ဆတ်နဲ့ ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

ဆောင်ဆတ်ဟာ အရင်အိမ်ထောင်နဲ့ရတဲ့ လူမမယ်သားငယ်နှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ ကလေးတွေရဲ့ ငိုသံကို သည်းမခံနိုင်လို့ ရိုက်သတ်ပစ်ခဲ့တာလို့ ဆောင်ဆတ်က ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဆောင်ဆတ်ရဲ့ တတိယအိမ်ထောင်ဖြစ်တဲ့ ဇနီးဟောင်းဟာလည်း လူမမယ် ကလေးငယ်နှစ်ဦး သေဆုံးမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ လူမမယ် ကလေးငယ်နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အခုအခါမှ ဆောင်ဆတ်ရဲ့ DNA နဲ့ ကိုက်ညီမှုရှိနေတာကို တွေ့ရှိခဲ့တာပါ။ တကယ်တော့ ဆောင်ဆတ်က သူတို့ရဲ့ လူမမယ် သားငယ် ၄ ယောက်လုံးကို သတ်ပစ်ခဲ့တာဖြစ်ပြီး အခြားနှစ်ဦး မြှုပ်နှံထားတဲ့နေရာကိုလည်း သူ့ဇနီးဟောင်းက ပြသခဲ့ပါတယ်။

Ref: Thailand: Man charged with beating his three children to death

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top