ဂျူဂျစ်ဆုပြိုင်ပွဲမှာ သူ့ထက်အများကြီးအသက်ကြီးတဲ့သူတွေကို အလဲထိုးအနိုင်ယူခဲ့တဲ့ ၁၄ နှစ်သားလေး

26.9.23-yyl-4.jpg

အသက် ၁၄ နှစ်အရွယ် မူဟမ်မတ် ဟိုင်ဒါဆိုတဲ့ ကောင်လေးက စင်ကာပူမှာ ကျင်းပတဲ့ Grandprix Jiu Jitsu Open 2023 ပြိုင်ပွဲမှာ သူ့ထက်အများကြီးအသက်ကြီးတဲ့သူတွေကို အလဲထိုးပြီး ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပါတယ်။ သက်တူရွယ်တူပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂ ဆုရရှိခဲ့ပြီး သူ့ထက်အသက်ကြီးတဲ့သူတွေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ စက်တင်ဘာ ၂၃ ရက်နဲ့ စက်တင်ဘာ ၂၄ ရက်တွေမှာ ဒီပြိုင်ပွဲကို ကျင်းပခဲ့တာပါ။

သူ့ထက်အသက်ကြီးတဲ့သူတွေကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့လို့ ပျော်ရွှင်မိတယ်လို့ သူက ဆိုပါတယ်။ သူ့ရဲ့ပြိုင်ဘက်တွေက သူ့ထက် အသက် ၈ နှစ်ကြီးပါတယ်။ ပထမဆုံးတစ်ယောက်က အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး ဒုတိယတစ်ယောက်က အသက် ၃၅ နှစ်ပါ။ ပြိုင်ပွဲမစခင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ဟိုင်ဒါက သူ့အသက်အရွယ် ဆယ်ကျော်သက်တွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

ဂျူဂျစ်ဆုအားကစားကို သူ့အဖေက မိတ်ဆက်ပေးခဲ့တာပါ။ ဒါပေမဲ့ အစက သူ ဒီအားကစားကို မနှစ်သက်ခဲ့ပါဘူး။ အချိန်ကြာလာတော့ ဒီအားကစားကို တကယ်နှစ်သက်တယ်ဆိုတာ သိလာခဲ့တာပါ။ ဒီအားကစားကို စလေ့ကျင့်တော့ သူက စိတ်လှုပ်ရှားနေတဲ့ကလေးဖြစ်ခဲ့တာပါ။ သူ့ညီလေးနဲ့အတူ လေ့ကျင့်တာပါ။

ဟိုင်ဒါအတွက် နောက်ထပ်ခြေလှမ်းကတော့ အသက် ၁၆ နှစ်မှာခါးပတ်အပြာအဆင့်ရရှိဖို့ပါပဲ။

Ref: 14-year-old teen beats adults, aged 22 & 35, & wins gold at S’pore Jiu-Jitsu competition

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top