ထိုင်းလေဆိပ် ရွေ့လျားလျှောက်လမ်းမှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးကို ခြေထောက်ဖြတ်ပြီး ကယ်တင်ခဲ့ရ

1.7.23-yyl-1.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ရဲ့ ရွေ့လျားလျှောက်လမ်း (travelator)မှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ခြေထောက်ဖြတ်ပြီး ကယ်ဆယ်ခဲ့ရပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ အမည်မဖော် အမျိုးသမီးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းက လေဆိပ်ရွေ့လျားလျှောက်လမ်းမှာ လက်ဆွဲအိတ်နဲ့ခလုပ်တိုက်လဲပြီး ခြေထောက်ညပ်သွားခဲ့တာပါ။

အမျိုးသမီး ခြေထောက်ညပ်ခဲ့တဲ့ ရွေ့လျားလျှောက်လမ်းဟာ ၁၉၉၆ ခုနှစ်ကတည်းက ဒွန်မောင်းလေဆိပ်မှာ တပ်ဆင်အသုံးပြုခဲ့တာဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ ရွေ့လျားလျှောက်လမ်းတွေကို ၂၀၂၅ ခုနှစ်မှာ လဲလှယ်သွားဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အခုဖြစ်ရပ်ကြောင့် ရွေ့လျားလျှောက်လမ်းတွေကို မကြာမီ အသစ်လဲလှယ်တပ်ဆင်သွားဖို့ ရှိနေပါတယ်။

ဒွန်မောင်းလေဆိပ်က ဒီဖြစ်ရပ်ကြောင့် အလွန်ဝမ်းနည်းမိပြီး အမျိုးသမီးရဲ့ ဆေးကုသစရိတ်အားလုံးကို ကျခံပေးမှာဖြစ်ကာ နစ်နာကြေးပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရသလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

Ref: Thailand: Rescuers amputate leg of woman stuck in travelator

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top