ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီး

1.7.23-yyl-2.jpg

ပုံမှာ မြင်ရတာကတော့ အမေရိကန်ဒေါ်လာ ၄.၃ သန်း ( မြန်မာငွေ ၁၃ ဘီလျံနီးပါး) တန်ကြေးရှိတဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီးဖြစ်ပါတယ်။ အိန္ဒိယမျိုးရင်းဖြစ်တဲ့ နီလိုရီနွားတစ်ကောင်အတွက် ပိုင်ဆိုင်မှု ၃ ၁ ပုံကို အမေရိကန်ဒေါ်လာ ၁.၄၄ သန်းနဲ့ ဘရာဇီးလေလံပွဲမှာ လေလံအောင်မြင်ခဲ့တာပါ။

ဖြူဖွေးတဲ့အမွေး၊ ပျော့ပျောင်းတဲ့ အသားအရေနဲ့ ကြီးမားတဲ့ ဘို့တွေဟာ နီလိုရီနွားမျိုးတွေရဲ့ ထူးခြားတဲ့ဝိသေသတွေပါပဲ။ နီလိုရီနွားမျိုးတွေဟာ အပူဒဏ် ခံနိုင်လို့ နာမည်ကျော်ကြားပါတယ်။ ဖြူဖွေးတဲ့အမွေးက အလင်းလှိုင်းတွေကို ရောင်ပြန်စေတဲ့အပြင် ဥရောပနွားမျိုးတွေနဲ့ယှဉ်ရင် နီလိုရီနွားမျိုးတွေရဲ့ ချွေးဂလန်းက၂ ဆ ပိုကျယ်ကြီး ချွေးပေါက် ၃၀ ရာခိုင်နှုန်း ပိုများတာကြောင့်လည်း အပူဒဏ်ခံနိုင်တာပါ။

နီလိုရီနွားမျိုးတွေဟာ မာကျောတဲ့ အရေပြားကြောင့် ကပ်ပါးပိုးနဲ့ အင်းဆက်အန္တရာယ်တွေကိုလည်း ကောင်းကောင်းခုခံနိုင်စွမ်း ရှိပါတယ်။ နီလိုရီနွားမတွေဟာ ကားစွင့်တဲ့တင်ပါးရှိပြီး မွေးလမ်းကြောင်း ကျယ်တဲ့အတွက် အလွယ်တကူ သားပေါက်နိုင်စွမ်းရှိတာကလည်း နီလိုရီနွားမျိုးရဲ့ ထူးခြားတဲ့ မျိုးဗီဇတစ်ရပ်ပါပဲ။

Viatina-19 FIV Mara Imóveis လို့ အမည်ပေးထားတဲ့ နီလိုရီနွားအတွက် ပိုင်ဆိုင်ခွင့် တစ်ဝက်ကို ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၈ သိန်းဝန်းကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ စံချိန်ဟောင်းကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

နီလိုရီနွားသိုးတစ်ကောင်ရဲ့ သုက်ရည် ဝ.၅၅ မီလီမီတာဟာ အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ တန်ကြေးရှိတယ်လို့ ၂၀၁၈ ခုနှစ်က ဂါးဒီးယန်းသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

Ref: World’s Most Expensive Cow Is Priced at a Staggering $4.3 Million

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top