ပတ်ဆိုးဂျွန်ရဲ့အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး အေဂျင်စီကလည်း အတည်ပြုပြောကြားနိုင်ခဲ့ခြင်းမရှိခဲ့

24.5.24-yyl-10.jpg

မကြာသေးခင်ကမှ ကိုရီးယားထိပ်တန်းမင်းသားချော ပတ်ဆိုးဂျွန်ဟာ အမေရိကန်မင်းသမီး Lauren Tsai နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ရှိခဲ့တာပါ။ ဂျပန်နိုင်ငံမှာ သူတို့နှစ်ဦးကို အတူတွေ့ခဲ့တယ်၊ တစ်နေရာတည်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တယ်လို့ ဆိုထားပါတယ်။

အခု ဒီသတင်းနဲ့ပတ်သက်ပြီး ပတ်ဆိုးဂျွန်ရဲ့အေဂျင်စီ Awesome ENT က အခုလို တုံ့ပြန်လာခဲ့ပါတယ်။ “မကြာသေးခင်က ပတ်ဆိုးဂျွန်က ကုန်ပစ္စည်းအမှတ်တံဆိပ်ပွဲအခမ်းအနားတက်ရောက်ဖို့ နိုင်ငံရပ်ခြားရောက်ရှိနေခဲ့ပြီး နယ်ပယ်အသီးသီးက အနုပညာရှင်တွေလည်း အဲ့ဒီပွဲကို ဖိတ်ကြားခံခဲ့ရပါတယ်။ သူ့ရဲ့တရားဝင်အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အချက်အလက်ထက်ကျော်ပြီး သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး အတည်ပြုချက်မပေးနိုင်တဲ့အတွက် နားလည်ပေးဖို့တောင်းဆိုပါတယ်”လို့ ပြောကြားသွားခဲ့တာပါ။ အေဂျင်စီကလည်း မင်းသားရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး အချက်အလက်တစ်စုံတစ်ရာပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

ပတ်ဆိုးဂျွန်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကမှ အဆိုတော်၊ YouTuber xooos (ကင်ဆိုးယွန်း) နဲ့ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိခဲ့တာပါ။ အဲ့ဒီတုန်းက နှစ်ဘက်စလုံးရဲ့အေဂျင်စီကလည်း ငြင်းဆိုထားခြင်းမရှိခဲ့သလို အတည်ပြုခဲ့ခြင်းလည်းမရှိပါဘူး။

Ref: Park Seo Joon’s Agency Briefly Comments On His Dating Rumors With Lauren Tsai

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top